Part(18)

2.6K 197 23
                                        

နားထဲမှာ ဝေဝါးဝါး ကြားနေရတဲ့ အသံငယ်လေးတစ်ခု...
တိတိကျကျပြောရရင် ငိုသံလေး...
Mewဘယ်ကမှန်းမသိတဲ့ အသံရှင်လေးကို လိုက်ရှာနေမိပေမယ့် ခုထိမတွေ့ရသေး...

"အီး...ဟီး...ဟီး...ဟီး"

ငိုသံကပိုပိုကျယ်လာတယ်...
*ဒါ...  ဒါက babyလေး... babyလေးအသံ... babyလေးငိုနေတယ်...*

Mewပတ်ဝန်းကျင်ကို အပြေးအလွှားလိုက်ရှာမိတယ်...
အလင်းစူးစူးတစ်နေရာဆီက ထွက်ပေါ်လာနေတဲ့ အသံငယ်လေး...
Mewဘာမှမတွေးနိုင်တော့ဘူး... အလင်းတန်းထဲပြေးဝင်လိုက်တယ်...

"အီး...ဟင့်...ဟင့်... လူယုတ်မာကြီး... စားပြီးနားမလည်ကြီး... အီး...  အဟစ်...အဟစ်..."

မျက်လုံးတွေအဖွင့် ဘေးဘက်နားမှာ ကြားလိုက်ရတဲ့ အသံငယ်လေး...
ခုတင်ဘေးမှာထိုင်ပြီး ရှိုက်ကြီးတငင်ကိုငိုနေတာ...
ရှိုက်ရှိုက်ပြီး ငိုနေတာလေးက တကယ့်ကိုကြေကြေကွဲကွဲလေး...
Mewပြာသွားတယ်...

"babyလေး... babyလေး... အ..."

babyလေးကို ချော့ဖို့ စိတ်လောပြီး အိပ်ရာက ကပျာကယာထလိုက်တော့ မူးဝေသွားတဲ့ခေါင်း...
လက်နဲ့ နားထင်နှစ်ဖက်ကို ဖိနှိပ်ပြီး ခဏငြိမ်နေလိုက်ရတယ်...

"ဘာလို့ ဇိုးခနဲဇတ်ခနဲ ထလိုက်ရတာလဲ... ကိုယ့်အခြေနေတောင်ကိုယ်မသိပဲ...  နှာဘူးထဖို့ပဲ သိတဲ့ လူကြီးရဲ့... မနေ့ညက အားတွေကဘယ်ကရောက်လာသလဲ...
မိုးလင်းခါနီးထိ သူပြုသမျှနုနေရလို့ မနက်ကျရင်တော့ ဖူးဖူးမှုတ်ပြုစုခံရပြီထင်နေတာ... နိုးလာတော့ သူကခေါ်လို့မရတော့ဘူး... ဟီး...
ဘေးမှာ မလှုပ်တော့လို့ သေပြီတောင်ထင်လိုက်တာ... အီး...ဟီး...ဟီး...
လူဆိုးကြီးရဲ့...လန့်လို့သေတော့မယ်... အီးဟီး..."

ဟုတ်တယ်... ညကအားလုံးပြီးဆုံးသွားချိန်မှာ နောက်တစ်နေ့ရဲ့ အလင်းရောင်တောင်မြင်နေရပြီ...
Mewကိုယ့်ကိုယ်ကိုယ်ရော babyလေးကိုပါ သန့်ရှင်းရေးလုပ်ပြီး babyလေးကို ဖက်အိပ်လိုက်တာ... အခုချိန်ထိပဲ...

"babyလေးရယ် ကိုယ်တောင်းပန်ပါတယ်ကွာ... ကိုယ်...ကိုယ်"

"သနားဖို့ကောင်းလိုက်တဲ့ Gulf Kanawatလေး...
ကိုယ်ကခံလိုက်ရတာတောင် သူ့ကိုပြန်ပြုစုနေရသေးတယ်...အီးဟီး..."

Baby Doctor & His CEOWhere stories live. Discover now