"ကျွန်တော့်ကိုပြန်ခွင့်ပေးပါ ကျွန်တော် အရင်နေရာလေးကိုပဲပြန်ချင်တယ်"
လေယာဉ်ပေါ်က ဆင်းလာကတည်းက ပြန်ခွင့်ပေးဖို့ပြောနေတာ
Mewရဲ့ အိမ်ကိုရောက်တဲ့ အထိပဲ...
Mewကလည်း လေယာဉ်ပေါ်မှာထဲက ဆုတ်ကိုင်ထားတဲ့ လက်ကလေးတစ်ဖက်ကို ခုထိလွှတ်မပေးသေး...*နောက်တစ်ခေါက် ထွက်ပြေးသွားရင် ခက်ရချည်ရဲ့*
"babyလေးရယ် လိမ္မာပါကွာ... ကိုယ်နဲ့ ဒီမှာပဲတူတူနေရအောင်ကွာနော်..."
"ကျွန်တော့် အလုပ်ရှိသေးတယ်လေ ကျွန်တော်ဝါသနာပါတဲ့ အလုပ်ကို မစွန့်လွှတ်နိုင်ဘူး"
"မစွန့်လွှတ်ရပါဘူးကွာနော် ဒီဘန်ကောက်မှာပဲလုပ်လေကွာ မင်းပြောင်းလာလို့ရအောင် ကိုယ်စီစဉ်ပေးပါ့မယ်..."
"ကျွန်တော်က နယ်တွေမှာပဲလုပ်ချင်တာ..."
"နယ်ကိုတော့ မသွားပါနဲ့ကွာနော်...
babyလေးက ကိုယ့်ရဲ့အရေးကြီးတဲ့သူတစ်ယောက်...
ကိုယ့်ရဲ့ အားနည်းချက်ဆိုတာကို ကိုယ့်ရဲ့ပြိုင်ဘက်တွေက သိသွားခဲ့ရင် babyလေးအတွက် အန္တရာယ်ရှိနိုင်တယ်...
အဲ့ဒါကြောင့် ကိုယ်နဲ့ပဲ တူတူနေပါကွာ... နော်...နော်..."Gulfရဲ့ ပုခုံးနှစ်ဖက်ကို ဖွဖွလေး ဆုတ်ကိုင်လို့ လေပြေလေးနဲ့ ချော့ပြောနေတဲ့ CEOကြီးက ဆွဲဆောင်မှုအပြည့်နဲ့ ညှို့ငင်နေတယ်...
မျက်တောင် စိပ်စိပ်ရှည်ရှည်လေးတွေ ဝန်းရံထားတဲ့ မျက်လုံးတစ်စုံနဲ့ အကြည့်ချင်းစုံမိတဲ့ အခါမှာတော့...*ဒုတ် ဒုတ်*
*ဘယ်ကအသံလဲ? ငါ့ရင်ဘတ်ထဲကလို့တော့ လာမပြောကြနဲ့နော်*
*ဒုတ် ဒုတ် ဒုတ်*
*လခွမ်း... တကယ်ကြီးဟ*
"ဒီမှာပဲ နေပါကွာ babyလေးရာနော်...
ကိုယ့်ကိုယုံကြည်ပေးပါ ကိုယ်မင်းကို အစွမ်းကုန်ကာကွယ်ပေး စောင့်ရှောက်ပေးမှာမို့ ကိုယ့်ဆီမှာ စိတ်ချလက်ချနေပါကွာ...""ကိုယ်မင်းကို ချစ်တယ် babyလေး"
Gulfရဲ့ မျက်ဝန်းအစုံကို သေချာစိုက်ကြည့်ပြီး လေးလေးနက်နက်ပြောလာတဲ့ CEOကြီးကြောင့် ရင်ဘတ်ထဲက အကောင်က ဘယ်လိုမှထိန်းလို့မရအောင် ခုန်လာတော့တယ်...