Part(6)

2.6K 285 18
                                    

"babyလေး ကိုယ်ရေနွေးစပ်ပေးထားတယ်... ရေချိုးလိုက်တော့နော်... လာ... ကိုယ်လိုက်ပို့ပေးမယ်..."

Gulfနေ့လည်က နေ့လည်စာစားဖို့ ဘဲကြီးလာနှိုးပြီး ပြန်မအိပ်ရဲတော့ဘူး... တော်ကြာ အကောင်ကိုက်ခံရမှာကြောက်ရတယ်...
နေ့လည်စာစားပြီးထဲက ဂိမ်းထိုင်ဆော့နေလိုက်တာ ရေချိုးဖို့လာခေါ်တော့ ၄နာရီထိုးနေပြီ...

"ခင်များ... ခင်များ... လုပ်ပြန်ပြီ နည်းနည်းပါးပါးကြိုပြောပါဗျာ..."

ရုတ်တရတ် လူကိုဆွဲပွေ့လိုက်တာကြောင့် ထူပူပြီး ဘဲကြီးကိုအော်ပစ်လိုက်မိတယ်...
ဒီနေ့တစ်ရက်ထဲကို ဘယ်နှစ်ခါလောက် အပွေ့ခံနေရမှန်းမသိတော့ဘူး...

babyလေးက အတွေးလွန်နေပုံရတယ်... ရေချိုးခန်းထဲရောက်လာတာတောင်မသိရှာဘူး...
bath tabနားက ခုံလေးမှာ babyလေးကိုချပေးလိုက်တယ်...

"Fxxk ခင်များ ဘာတွေလာလုပ်နေတာလဲ"
အင်္ကျီကြယ်သီးတွေကို ရန်ရှာနေပါသော ဖြူဖြူဖွေးဖွေး လက်တစ်စုံ...

"babyကိုရေချိုးပေးမလို့လေ... ဟင်းဟင်း"

*babyလေးကိုရေချိုးပေးမလို့ပါကွာ... အဆင်ပြေရင် စတော်ဘယ်ရီလေးလည်း မြည်းမယ်လေကွာ*

"အာ... သွား...ထွက်အခု ကိုယ့်ဖာသာကိုယ်ချိုးမယ် ခင်များချိုးပေးစရာမလိုဘူး..."

"မဟုတ်ဘူးလေ babyလေးက ခြေထောက်နာနေ!"

"တော်... တိတ် အခုထွက်အပြင်!"

*အင်း... ငတ်ပြန်ပြီဟ*

"ဟုတ်ပြီ ဟုတ်ပြီ ကိုယ်ထွက်ပေးမယ်... မြန်မြန်ချိုးနော် ကြာနေရင်တော့ ဝင်လာမှာပဲ... အာ... သော့က ကိုယ့်မှာအပိုတွေရှိတယ်နော်..."

"-ျီး!!!"

"ဟား ဟား"'

Mewအားရပါးရ ရယ်ရင်း ထွက်လာခဲ့တယ်...
ဒီကလေးလေး အရမ်းအဆဲသန်တာပဲ လူနာတွေကိုရော အဲ့လိုပဲဆဲနေတာပဲလား...
မဟုတ်သေးဘူး ကိုယ်ကလွဲပြီးတခြားသူကို မဆဲဖို့ပြောထားရမယ်...

*babyလေးက ဆဲနေလည်း အရမ်းချစ်ဖို့ကောင်းတယ်*

=====================

"babyလေး ဆေးလိမ်းရအောင်..."

Gulfရေချိုးပြီးတော့ ထမင်းဆင်းစားကြတယ်...
ဘဲကြီးက အချက်အပြုတ်လည်းတော်တယ်...
ဒဏ်ရာတွေကြောင့် အဖျားဝင်မှာ စိုးရိမ်တယ်ဟုပြောကာ ကြက်သားဆန်ပြုတ်ပဲ ပေးသောက်တယ်... သူလည်အဲ့ဒါပဲသောက်တယ်...
ဘဲကြီးချက်တဲ့ ကြက်သားဆန်ပြုတ်က လက်ရာကတော့ ပထမတန်းစားပဲ...
ဒီတစ်ရက်အတွင်း ဘဲကြီးရဲ့ ဂရုစိုက်မှုတွေကြောင့် သူကဆရာဝန်လား ကိုယ်ကဆရာဝန်လားတောင် သိပ်မသဲကွဲချင်ဘူး...
အခုလည်း ဆေးသေတ္တာကိုင်ပြီး ရောက်လာပြန်တယ်...
ဆေးလိမ်းပေးမလို့တဲ့...

Baby Doctor & His CEOWhere stories live. Discover now