💚part-13💚[Uni+Zaw]

1.4K 160 7
                                    

<Unicode>

ကပွဲ မ​ရောက်ခင် နှစ်ရက်အလို​လောက်မှာ​တော့
​ကျောင်းဝင်း​လေးထဲကို ပြိုင်ကား အစိမ်း​ရောင်လှလှ​လေးက
ဝင့်ကြွားစွာနဲ့ အထဲကို ဝင်​ရောက်ခဲ့တယ်

လူတကာရဲ့အလယ်မှာ ထင်း​နေ​သော ထိုကား​လေးကလည်း
​ကျောင်းရဲ့အ​ဆောင်တခုကို ဦးတည်ရာ
လိုရာ အရပ်ကိုလည်း ​ရောက်​ရော ကား​လေးကို
တိခနဲ ရပ်လိုက်တယ်

ထိုကား​ပေါ်မှ လူသား​လေးက​တော့ ချက်ချင်းပင်
မဆင်းလာခဲ့ပါ

ပြိုင်ကားလှလှ​လေး ဝင်လာ​တော့ အားလုံးကလည်း
​ငေး​မောပြီး စကား​တွေကိုတွတ်ထိုးပြီး
​ပြော​နေကြတယ်

​ယောကျာ်း​လေး​တွေကျ​တော့
"​ဟေ့​ကောင်သားကြီး အဲ့ကား​လေးက မိုက်လိုက်တာဟာ
ငါ​တောင် လိုချင်တယ်"အစရှိသဖြင့်
ဖြစ်ချင်​သောအရာ​တွေ ​ပြော​နေကြတယ်

ကောင်မ​လေးများ ကျ​တော့လည်း
"ဟယ်..အဲ့ကား​လေးက လှလိုက်တာ"
ကားကို စိတ်ဝင်စားတာထက် ကား​ပေါ်ကလူကို
ပိုစိတ်ဝင်စားသည်မှာ မိန်းက​လေးများရဲ့သ​ဘောဝပင်

(T/N-သာသာက​တော့ ​​ချောရင်ကြည့်ပြီးသားပဲ😜)

​ဟော...​ပြောရင်းဆိုရင်းနဲ့​ကား​​ပေါ်က ​ကောင်​လေး
တံခါးဖွင့်ပြီး ထွက်လာခဲ့တယ်

ကားထဲက ထလိုက်တဲ့အချိန်မှာ မြင့်မားတဲ့အရပ်
ညို့ယူ ဖမ်းစားတတ်​သော မျက်ဝန်းအစုံနဲ့
အ​တော်ပင် ကြည့်လို့​ကောင်းတယ်

(T/Nမဝိုက်ကြနဲ့ဦး​နော်🤣)

ကား​ပေါ်က ဆင်းအလာမှာ ​​​ဘေးပတ်လည်လည်မှာ
သူ့ကို ​ငေး​မောကြည့်​နေကြတဲ့သူကို
အသာထားပြီး ​ဘေးဘီဝဲယာကို
လှည့်ကြည့်ကြည့်တယ်

တခုခု ​တွေးမိလို့​လားတော့..မသိဘူး
ဖုန်းကိုကိုင်ပြီး နံပါတ်တခုကို​ခေါ်ဆိုလိုက်တယ်

ဖုန်းနံပါတ်​ခေါ်ဆိုပြီး​ရော ကား​ကို မှီရင်း
ဖုန်းအဝင်ကို နား​ထောင်​နေလိုက်တယ်

တစ်ဖက်မှလည်း
"ဟယ်လို"
"ကိုကို"
"အခုချိန်ဖုန်းဆက်တာ နားချိန်မို့လို့လား"
ဆိုပြီး တတွတ်တွတ်​ပြော​နေတယ်
"ခဏ​လေး...ချစ်အခု ​အောက်ထပ်ခဏ
ဆင်းလာခဲ့ဦး"
(T/N-​ပြောတယ်​နော် မဝိုက်ပါနဲ့လို့ ရှမှာစိုးလို့🤣)

2gether new ver(အလွဲများနဲ့အချစ်)CompletedWhere stories live. Discover now