Unicode
အခန်းတခုကနေ ထွက်လာခဲ့ပြီးတဲ့နောက်မှာ
ကောင်လေးနှစ်ယောက်ရဲ့ ရင်ခုန်သံတွေကတော့
အဆက်မပြတ်ခုန် နေဆဲပင်ဖြစ်နေတယ်"ကျစ်...ငါနှယ့် တမျိုးပြီး တမျိုးပါလား
ရင်ဘက်ထဲက တဒုတ်ဒုတ်နဲ့ မဟုတ်မှလွဲရော
ငါ့မှာ နှလုံးရောဂါတွေဘာတွေ ရနေပြီလား မသိဘူး"ဆာရာဝက်တယောက် သူ့ဝဲဘက်ရင်အုံပေါ် လက်လေး
တင်လိုက်ကာ တယောက်ထဲစူးစမ်းနေတော့တယ်အဲ့အချိန်မှာ"ဟေ့ကောင်"ဆိုတဲ့အသံနဲ့အတူ ကျွန်တော့်နောက်ကျောပြင်ပေါ် လက်တစုံ အားပြင်းပြင်း ကျလာပါတော့တယ်
*ထိုသူကတော့ မလွဲဧကန် ကျွန်တော့်ရဲ့သူငယ်ချင်း ဟင်နရီ
ပါ သူဆိုသည်မှာကလည်း အဲ့လိုရိုက်စရာ ကျွန်တော့်အပြင်
မရှိတဲ့အတွက် နားလည်ပေးလိုက်ရပါတော့တယ်*"အား...နာတယ်ကွ သေနာကောင်"
"ဟားဟား..မင်းကို နာအောင် ရိုက်တာပဲကို
မကျေနပ်ရင်လည်း ခံလိုက်"*ကြားလို့မှ ကောင်းသေးရဲ့လား မကျေနပ်ရင် ပြန်ရိုက်ပဲ
ကြားဖူးတာကို သူ့အလှည့်ကျမှ မကျေနပ်ရင်လည်းခံလိုက်တဲ့
ကောင်းရော*"ဟေ့ရောင်...မင်းလက်ထဲ ဆေးကတ်ကြီးနဲ့ ဘာလုပ်
နေတာလဲ ပြီးတော့ လမ်းလယ်ခေါင်ကြီးမှာ ဆေးဝေစား
တော့မလို့လား""ငါက ဘာလို့ဆေးဝေစား...ဟိုက်...ငါအသတ်ခံရတော့
မှာပဲ...သေပြီ...သေပြီ""ဘာဖြစ်လို့လဲ...ပြောစမ်းပါဦး"
"ဒီဆေးတွေကို ဆရာက သူခေါင်းကိုက်လို့ ယူခိုင်းလိုက်တာ
အဲ့တာ ငါအကြောင်းတခုပေါ်ပြီး ဆေးသွားပေးဖို့ မေ့နေတာ
မင်းပြောမှ သတိရတာ""အေး..မင်းတော့တကယ် သေပြီ..အဲ့ဆရာအကြောင်း
မင်းလည်း သိရဲ့သားနဲ့ သဘောကောင်းပြီဆိုလည်း
သူများနဲ့မတူဘူး စိတ်တိုပြီဆိုရင်လည်း ပြေးမလွတ်ဘူး""တော်ပြီ...လေကြောရှည်တာရပ်..မြန်မြန်သွားမယ်..
မင်းပါငါနဲ့ လိုက်ခဲ့လိုက်တော့"
YOU ARE READING
2gether new ver(အလွဲများနဲ့အချစ်)Completed
RomanceTineဆိုတဲ့ အလွဲတွေအများကြီးလုပ်တတ်တဲ့ ကောင်လေးက sarawatဆိုတဲ့ရုပ်တည်ပြီး စာအရမ်းတော်တဲ့ ကောင်လေးတို့ရဲ့ အချစ်ဟာသ ဇာတ်လမ်းလေးပါ Start Date-18.5.2020💜 End Date-27.11.2020💞