<Unicode>
Tineလည်း ဆေးပေးခန်းကို သူငယ်ချင်းနှစ်ယောက်
အကူအညီနဲ့ရောက်လာခဲ့တယ်
*ဟူး...ကျွန်တော် ဆေးခန်းဆိုတဲ့နေရာကြီးကို
တော်တော် မုန်းနေပြီဗျ*Tee-ဟေ့ကောင် Tine မင်းတယောက်တည်း
နေခဲ့လို့ရရဲ့လား
Tine-မင်းတို့တွေကလည်း ဆေးပေးခန်းမှာ ဆရာဝန်လည်း
ရှိနေတာပဲကို ဘာတွေ စိတ်ပူနေကြတာလဲ(Tee အဲ့လိုဘာလို့မေးလိုက်ရလဲဆိုတာကတော့
Tineတယောက်ကလေ ကျွန်တော်တို့နှစ်ယောက်ကို
အတန်းထဲကိုသွားပြီး ဆရာမကို ပြောပေးဖို့ရယ်နဲ့
စာတွေလိုက်မှတ်ထားဦးဆိုပြီး အတင်းအကျပ်
နှင်လွှတ်နေခြငိးကြောင့် ဖြစ်တယ်)Tar-အေးပါကွာ မင်းအဆင်ပြေတယ်ဆိုလည်း
ပြီးတာပဲ ဒါဆိုရင် ငါတို့ဒီတချိန်တက်မယ်
ပြီးသွားရင် မင်းကို အိမ်ပြန်လိုက်ပိူ့ပေးမယ်Tee-ဟုတ်တယ် မင်းအခုချိန်ဒီကုတင်ပေါ်မှာ ခဏ
အနားယူနေလိုက် ကြားလားTar-အော်..ပြီးတော့ဆရာဝန်ကလည်း ခဏကြာရင်
လာမယ်တဲ့ မင်းနော်...ငါပြောလိုက်မယ်..
ဒီကုတင်ကနေ တဖဝါးမှ မခွာနဲ့ ဟုတ်ပြီလားTine-အေးပါဟာ...သွားကြပါတော့....မသိရင်
ငါ့အမေကျေနတာပဲ...ပြောနေတာ မပြီးနိုင်တော့ဘူးTee-မင်းကို ငါတို့က အကောင်းနဲ့သတိပေးနေတာ
မင်းက ကြပ်သိပ်ပြည့်တာမဟုတ်ဘူးလေ ဟဟ
Tine-မင်းတို့..မင်းတို့ကောင်တွေ....Tineရဲ့စကားမဆုံးခင်မှာပဲ တံခါးပေါက်ကနေ
ချက်ချင်းပြေးထွက်သွားကြတော့တယ်Tineလည်း သူငယ်ချင်းတွေ ထွက်သွားတော့
ဘာမှလုပ်စရာမရှိတာနဲ့ နာနေတဲ့တင်ပါးလေးနဲ့
ကုတင်ပေါ် အသာလေးထိုင်လိုက်ပါတယ်*ဟင့်....ထိုင်တော့မှပဲ နာတော့တယ်😭*
သူလည်း လွတ်လွတ်လပ်လပ်နားလို့ရအောင်ဆိုပြီး
လိုက်ကာလေးကို ဆွဲစိလိုက်တယ်
(A/N-အခန်းက ကျဥ်းတော့ အကန့်ခွဲတဲ့အနေနဲ့
လူနာကို စမ်းသပ်ချိန်ဆို လိုက်ကာလေးကာလိုက်တယ်လေ
သူလည်း အခုအိပ်မလို့ ကာလိုက်တာပါ 😅)
YOU ARE READING
2gether new ver(အလွဲများနဲ့အချစ်)Completed
RomanceTineဆိုတဲ့ အလွဲတွေအများကြီးလုပ်တတ်တဲ့ ကောင်လေးက sarawatဆိုတဲ့ရုပ်တည်ပြီး စာအရမ်းတော်တဲ့ ကောင်လေးတို့ရဲ့ အချစ်ဟာသ ဇာတ်လမ်းလေးပါ Start Date-18.5.2020💜 End Date-27.11.2020💞