~Unicode~
"ကိုကို..ကိုကို...ကျွန်တော်ပြောနေတာကော
ကြားရဲ့လား""ဟမ်..ဟမ်..ဘာတွေပြောလိုက်တာလဲ"
"ကြည့်...ချစ်သူတွေ ဖြစ်သွားပြီဆိုတော့ အမူအရာတွေကော
အကျင့်တွေကော အကုန်ပြောင်းကုန်ပြီ...ကျွန်တော့်ဘက်က
အတင်းလိုက်ကပ်တာ ဆိုပြီး..အလေးအနက်
မထားချင်တာမလား....ကျွန်တော်သိလိုက်ပါပြီ
ကလေးက...စိတ်ပါလက်ပါ ပြောနေတာကို
ကိုကိုက အိပ်နေတာမလား"စလာပါပြီ...အမောင်Tineရဲ့ရစ်ခြင်းအဖြာဖြာ ဇာတ်လမ်း။
ကျွန်တော် ပြောတာလေးကို အားလုံးတစ်ချက်လောက်
နားထောင်ကြည့်ပါ။ပြီးမှ ကျွန်တော် မှားလား မှန်လား ပြောကြပါ။ အဖြစ်ကဒီလို။
ကျွန်တော်နဲ့သူနဲ့ မတွေ့ရတာ တစ်ပတ်လောက် ရှိသွားပြီ။
ကျွန်တော်က မကြာခင်မှာ ဘွဲ့ယူရတော့မှာ။ဒါကြောင့်
Internအတွက် ပြင်ဆင်စရာတွေ လုပ်နေရတော့
ချစ်သူအတွက်တောင် အချိန်မပေးအားဘူးဖြစ်သွားတယ်။
ဒါကို သူလေးလည်း သိပါတယ်။သိလို့လည်း ကျောင်းမှာဆို တယောက်နဲ့တယောက် တွေ့ဖြစ်
တာတွေတောင် နည်းသွားတယ်။မျက်နှာချင်းဆိုင် တွေ့တာက
နည်းပေမယ့် စမတွေ့တဲ့ညတွေက စပြီး ဖုန်းနဲ့ပဲ စကားပြော
ဖြစ်ကြတော့တယ်။သူ ပြောပြရင်လေ ကျွန်တော့်ကို ဘယ်လောက်ချစ်ကြောင်း
ဘယ်လောက်လွမ်းကြောင်း ပြောနေတယ်များ ထင်နေလား။
ကျောင်းမှာရှိတဲ့ ဘယ်သူက ဘာဖြစ်တယ် ဘယ်ဝါက ရည်းစားကို ဘယ်ကရသွားတာ အစရှိသဖြင့် ပြောနေတာ။
သူပြောနေတဲ့အကြောင်းတွေ အကုန်လုံးက အတင်းတုတ်နေ
တာတွေချည်းပဲလေ။ကြာကြာနားထောင်ရတော့ ကျွန်တော်
လည်း ပျင်းတာပေါ့။မနက်ပိုင်းကနေ ညနေအထိကလည်း အလုပ်အတွက် ရှာရတာတွေရှိသေးတယ်။ပင်ပန်းမှုတွေက တစ်ပတ်အတွင်းမှာ တော်တော်များ
တာပါ။အရင်ရက်တွေတုန်းက ပြောတာတွေကို ကျွန်တော်
တော်တော်သီးခံပြီး နားထောင် ပေးနိုင်ပါတယ်။
ဒီနေ့က Internအတွက်ပြင်ဆင်ရတဲ့ နောက်ဆုံးနေ့ဆိုတော့
မရပ်မနားrunလိုက်ရတယ်။
YOU ARE READING
2gether new ver(အလွဲများနဲ့အချစ်)Completed
RomanceTineဆိုတဲ့ အလွဲတွေအများကြီးလုပ်တတ်တဲ့ ကောင်လေးက sarawatဆိုတဲ့ရုပ်တည်ပြီး စာအရမ်းတော်တဲ့ ကောင်လေးတို့ရဲ့ အချစ်ဟာသ ဇာတ်လမ်းလေးပါ Start Date-18.5.2020💜 End Date-27.11.2020💞