~Unicode~
သို့ ချစ်ရပါသောကိုကို
ကျွန်တော်တို့နှစ်ယောက်မှာ ဘယ်သူကစပြီး
ချစ်ခဲ့တယ် ဆိုတာ အရေးမကြီးပါဘူး ကိုကိုနဲ့ကျွန်တော့် ကြားမှာ မမြင်နိုင်တဲ့ သံယောဇဥ်ကြိုးတစ်ချောင်းက
ခွဲခွာသွားရသည့်တိုင်အောင် အတူတူရှိနေခဲ့တယ်လို့ ယုံကြည်တယ်
ကျွန်တော် ...ကိုကို့ကိုပြန်တွေ့တဲ့ အချိန်တုန်းက
တအားပျော်ခဲ့တာဗျ..ဒါပေမယ့်လည်း ကံတရားက
မျိုးတူနှစ်ဦးရဲ့ ချစ်ခြင်းတရားဆိုတာ ဘယ်လောက်
ခိုင်မြဲနိုင်မလဲဆိုတာကို စမ်းသပ်ချင်ပုံ ရပါတယ်
ပြန်တွေ့ရတဲ့ အချိန်မှာ ကိုကိုက မိန်းကလေးတယောက်နဲ့
အတူတူ တွဲပြီး ရှိနေခဲ့တယ်။
ဒါပေမယ့်လည်း ကျွန်တော်အားမလျှော့ခဲ့ပါဘူးဗျ...
{ကြိုးစားရင် အောင်မြင်နိုင်တယ်..ဘယ်အရာကိုမဆို
အစဆိုတာကို မောင်းတင်ပြီးသွားရင် အဆုံးအထိ ဆက်လက်မောင်းပါ
လမ်းတစ်ဝက်မှာတင် ရပ်မပြစ်ပါနဲ့}
အဲ့စကားလိုပဲ အားမလျှော့ဘဲ ဆက်ပြီးကြိုးစားခဲ့လို့
အခုချိန်မှာ ကိုကိုနဲ့ချစ်သူဆိုတဲ့ဘဝကို
လျှောက်လှမ်းနိုင်ခဲ့ရတာပေါ့ကျွန်တော် အရင်ချိန်တုန်းက တွေးမိတာက ကိုကိုနဲ့
ကျွန်တော်သာ တွဲဖြစ်ခဲ့ကြရင် ပတ်ဝန်းကျင် အပြောကို
ကိုကို အများကြီးခံရလိမ့်မယ် ခံနိုင်ရည် ရှိပါ့မလား
ထင်ခဲ့ပေမယ့် ကိုကိုက ကျွန်တော်ထင်ထားတာထက်တောင်
သန်မာနေခဲ့တယ်ကံတရားဆိုတာကို တစ်ချိန်က အပြစ်တင်မှုတွေ
ရှိခဲ့ပေမယ့်လည်း အခုချိန်မှာ
အဲ့ဒါတွေကို ပြည်ဖုံးကားချလိုက်သလို
မေ့ဖျောက်လိုက်ပါပြီ။
အခုလက်ရှိ ကိုကိုနဲ့ကျွန်တော့်ကို ချစ်သူအဖြစ်
ပေါင်းစည်းခွင့်ရအောင် လုပ်ပေးတာ တစ်ခုတည်းနဲ့တင်
ကံတရားဆိုတဲ့အရာကို လုံလုံလောက်လောက် ယုံကြည်လို့ရနေပါပြီလူတွေက ပြောကြတယ် ချစ်ခြင်းအစ မျက်စိကတဲ့
ဟင့်အင်း..အဲ့စကားက ကျွန်တော့်အတွက်တော့ မဟုတ်ဘူးဗျ
ကျွန်တော်တို့အတွက် သီးသန့် ဆိုရိုးလေးက ချစ်ခြင်းအစ
အလွဲများစွာထဲကပေါ့...ကိုကိုနဲ့ ကျွန်တော်တို့နှစ်ယောက်ကို
ကံတရားက သေသေချာချာဆုံးဖြတ်နိုင်လောက်အောင်
ခွဲခွာပေးခိုင်းခဲ့ပြီးပြီပဲ...ဒီလောက်ဆိုရင် ကျွန်တော်တို့အချစ်
တွေကြားမှာ ဘယ်အရာမှတားဆီးလို့ ရတော့မှာမဟုတ်တော့ဘူး
YOU ARE READING
2gether new ver(အလွဲများနဲ့အချစ်)Completed
RomanceTineဆိုတဲ့ အလွဲတွေအများကြီးလုပ်တတ်တဲ့ ကောင်လေးက sarawatဆိုတဲ့ရုပ်တည်ပြီး စာအရမ်းတော်တဲ့ ကောင်လေးတို့ရဲ့ အချစ်ဟာသ ဇာတ်လမ်းလေးပါ Start Date-18.5.2020💜 End Date-27.11.2020💞