~Unicode~
Tineအဖေ-သားတို့နှစ်ယောက် ဧည့်ခန်းထဲမှာ
သွားစောင့်နေကြနော် ဖေဖေတို့လာခဲ့မယ်ဆာရာဝက်-ဟုတ်ကဲ့အန်ကယ်
Tine-ဟုတ်ဖေဖေ
ဒါနဲ့ပဲ ဆာရာဝက်တို့ ဧည့်ခန်းထဲကို
အရင်ထွက်လာလိုက်ကြတယ်သားတို့ကို အရင်ထွက်သွားခိုင်းလိုက်ရတာက
မိန်းမဖြစ်သူနဲ့တိုင်ပင်ပြီး မေးစရာရှိတာ မေးဖို့အတွက်ပါ
ဘာလို့အဲ့လိုပြောရတာလဲဆိုတော့....မနက်စာစားနေတဲ့အချိန်တုန်းက ဆာရာဝက်ဆိုတဲ့
ကောင်လေးက သားလေးကို ခဏခဏလှမ်းကြည့်နေတယ်
သားရဲ့မျက်နှာကလည်း ရှက်သလိုမျိုး ဖြစ်နေတယ်"မိန်းမ..ငါထင်တာ..."
"တော်တိတ်..ရှင်ဘာပြောမလဲဆိုတာ ကျွန်မသိတယ်"
'ဟိုက်..ငါ့မိန်းမ အကြားအမြင်တွေဘာတွေ ရနေတာ
လား မှန်းစမ်း...သူသာ အကြားအမြင်ရနေတယ်ဆိုရင်
ငါ ဗေဒင်ခန်းဖွင့်စားလိုက်တော့မယ် အကျိုးအမြတ်တောင်ရသေး..ဟဟ'(Tineအဖေ)"ယောကျာ်း..ရှင်ဘာဖြစ်သွားတာလဲ မတ်တပ်မေ့သွားတာလား"
ဘေးကနေ မိန်းမဖြစ်သူ လာပြောမှ အသိပြန်ဝင်လာတယ်
"အော်..မိန်းမက ကြိုသိနေတယ်ဆိုတော့ ဘယ်လိုများသိတာလဲဆိုပြီး တွေးမိသွားလို့ပါ..ဟီး"
'အမှန်တရားကိုသာ ပြောပြလိုက်ရင် ကျွန်တော်အိမ်ပေါ်ကဆင်းနေရမှာဗျ'(Tineအဖေ)
"အဟမ်း....ကျွန်မက ဘယ်သူလဲ"
"မင်းက ကိုယ့်မိန်းမ ကိုယ့်အချစ်လေ"
"အ..အား..နာလိုက်တာ"
'ဟုတ်ပါတယ် အချစ်လေးရဲ့ဗိုက်ခေါက် ဆွဲလိမ်းခြင်း
ခံလိုက်ရပြီ'"ရှင်ဆိုသည်မှာ...အကောင်းပြောလို့မရဘူး...အခုကစပြီး
ကျွန်မပဲ ပြောမယ် ရှင်တိတ်တိတ်လေးနေပြီး နားထောင်"Tineအဖေလည်း ခေါင်းအသာလေး ငြိမ့်ပြလိုက်တယ်
Tineလည်း ကိုကိုနဲ့အတူ ဧည့်ခန်းထဲလည်း
ရောက်ရော
YOU ARE READING
2gether new ver(အလွဲများနဲ့အချစ်)Completed
RomanceTineဆိုတဲ့ အလွဲတွေအများကြီးလုပ်တတ်တဲ့ ကောင်လေးက sarawatဆိုတဲ့ရုပ်တည်ပြီး စာအရမ်းတော်တဲ့ ကောင်လေးတို့ရဲ့ အချစ်ဟာသ ဇာတ်လမ်းလေးပါ Start Date-18.5.2020💜 End Date-27.11.2020💞