💚part-18💚[Uni+Zaw]

1.2K 154 13
                                    

<Unicode>

Tineတ​ယောက် အ​တွေးထဲတွင်​တော့
သူနဲ့ဆာရာဝက် နှစ်​ယောက်သား
တ​ယောက်လက်ကို တ​ယောက်တွဲ၍
ပန်းခြံ​လေးထဲမှာ ​လျှောက်သွား​နေကြတယ်တဲ့

အဲ့အချိန်မှာ ထိုင်ခုံတန်း​လေးကို​တွေ့​တော့
ကိုကိုက ​ပြောတယ်
*ဒီ​နေရာ​လေးက ထိုင်လို့​ကောင်းမယ့်ပုံပဲတဲ့*

ကျွန်​တော်ကလည်း ​ပြောလိုက်တာ​ပေါ့
*ထိုင်ကြမယ်​လေ*

ကျွန်​တော်ထိုင်မယ်လည်း လုပ်​ရော
ကိုကိုက ပြန်​ပြောတယ်
*ဒီ​မှာ မထိုင်နဲ့ ညစ်ပတ်​တယ်တဲ့*

"ဒါဆို ကျွန်​တော်က ဘယ်ကို သွားထိုင်ရမှာလဲ"

"ဘယ်မှသွားမထိုင်ရဘူး
ကိုယ့်​ပေါင်​ပေါ် လာထိုင်"

သူ အဲ့လိုလည်း ​ပြောရင်း လက်တဖက်ကိုလည်း
ကျွန်​တော့်ဆီကို ကမ်း​ပေးလာတယ်

ကျွန်​တော်လည်း အဲ့အချိန်မှာ အ​ပျော်​တွေ လွန်ပြီး
ကိုင်ဖို့ လုပ်တဲ့အခါမှာ
'ဒုန်း'ဆိုတဲ့အသံနဲ့အတူ
​ခေါင်းက မူး​ဝေသွားတယ်

"​ဟေ့​ကောင် ​သေနာ​ကောင် မင်းရူးသွားပြီလား
ပါးစပ်ကြီးကလည်း ဖြဲပြီး ပြုံးစိစိနဲ့
မျက်လုံးကိုလည်း မှိတ်ထား​သေးတယ်"ဆိုပြီး
သူ့ သူငယ်ချင်းTarက ရိုက်ချလိုက်တာပါ

Tine-Tar မင်းကွာ ငါ့အိမ်မက်​လေးထဲမှာ ကိုကိုနဲ့
သာယာ​နေတာကို ဖျက်လိုဖျက်ဆီးနဲ့

Tee-မင်း ​ရောက်​နေတာ ဘယ်လဲဆိုတာ ​
သေချာပြန်ကြည့်ဦး လူ​တွေကလည်း မင်းကို ရူး​နေတယ်ထင်ပြီး ဝိုင်းကြည့်​နေကြတယ်

Tine-အဲ့လို​တောင် ဖြစ်သွားတာလား ဟီး

Tar-အဲ့ထက် ဆိုးတယ် ​သေနာ​လေး
မင်း​ကြောင့်နဲ့ ငါတို့နှစ်​ယောက်ပါ
အရူး​ထောင် မလိုက်နိုင်ဘူး

Tee-မှန်တယ် အဲ့ဒါ​တွေထက် ဆိုးတာ ​ပြောပြရဦးမလား

Tineကလည်း ဘာလဲဆိုတဲ့
အကြည့်နဲ့ ကြည့်လိုက်သည်

Tee-မင်းရဲ့ကိုကို ​ခေါ် ဆာရာဝက် က ရီပြီး အ​စောနကတည်းက ဆင်းသွားပြီ

Tine-ဘာ!!!!!!

Tar-​ဟေ့​ကောင် ​​ဖြေး​ဖြေး ​ပြောပါဟ
နား​တွေလည်း ကွဲထွက်ကုန်​တော့မယ်

2gether new ver(အလွဲများနဲ့အချစ်)CompletedWhere stories live. Discover now