🌲☃️Xmas Special Part-1☃️🌲

664 69 4
                                    

~Unicode~

"အိမ်ရှင်တို့...အိမ်ရှင်တို့"

ဆာရာဝက်ရဲ့အ​ဖေဖြစ်သူက အိမ်​ရှေ့က​နေ ​ခေါ်သံတခု
ကြား​တော့ အခန်းထဲက​နေ ထွက်လာခဲ့တယ်။
ဆာရာဝက်ရဲ့အ​ဖေက အသက်အရွယ် ရလာပြီဆို​တော့
အရင်လိုလို ​ပေါ့​ပေါ့ပါးပါး မသွားနိုင်​တော့ဘူး။

​​ဖြေး​ဖြေးချင်းသွားကာ ဧည့်ခန်းဆီကို လာခဲ့တယ်။
မြင်လိုက်ရတဲ့မျက်နှာ​လေး​ကြောင့် ပြုံးမိသွားတယ်။

"​​ဒီကလေး​တော့...လူကြီးကို လာ​နောက်နေတယ်...
အိမ်ရှင်တို့လို့ ​ခေါ်သံကြားတဲ့ သူစိမ်းတစ်​ယောက်​ယောက်လို့
ထင်​နေတာ"

"အန်ကယ်​ဖေ​ဖေကလည်း စိတ်​ကောက်နဲ့​နော်..
သားက ချစ်လို့ စတာပါ"

​ကျွန်​တော့်ရဲ့လက်​မောင်း​ကို ကိုင်လှုပ်ကာ ချစ်ဖို့​ကောင်းတဲ့
အမူအရာ​လေးနဲ့ ချွဲ​နေတဲ့ ​ကောင်​ပေါက်​လေးက
သားရဲ့က​လေး ​ခေါ် Tine​လေး ဖြစ်ပါတယ်။

သူ့ကိုဆို ကျွန်​တော့်သားဖြစ်သူထက်​တောင် ပိုချစ်မိ
​သေးတယ်။အ​​ပြောအဆို​​လေး​တွေက တကယ့်ချစ်စဖွယ်ပါပဲ။
လိမ်မာပြီး သိတတ်လွန်းတဲ့ ဒီက​လေးကို သားရခဲ့တာ
တကယ့်ကို ကံ​ကောင်းပါတယ်။

တစ်ခါတစ်​လေ အရင်တုန်းက သ​ဘောမတူခဲ့တဲ့အ​ကြောင်း
​တွေကို ပြန်​ပြောမိရင် ဒီက​လေး​ပြော​နေကျစကားတခွန်းက

"အချိန်ကြာကြာ ​ဝေးကွာခဲ့ရတဲ့အတွက် သံ​ယောဇဥ် ပိုခိုင်မြဲ
ခဲ့ရတယ်တဲ့။ဒါ​ကြောင့် အဲ့ချိန်​တွေကို သူ တကယ် သ​ဘောကျတယ်တဲ့​လေ"

အ​တော့်ကို ချစ်စရာ​ကောင်းတဲ့ သားမက်​လေးပါ။

"သား​လေး...ဝင်လာ​တော့ နိုင်း လာဖွင့်​ပေးတာလား?"
(နိုင်းဆိုတာ အိမ်မှာ အတူ​နေတဲ့ ခြံ​စောင့်​လေးပါ)

"ဟုတ်တယ်...ဖွင့်တဲ့အချိန် အသံအကျယ်ကြီး မထွက်​အောင်
ဖွင့်ဖို့​တောင် အဲ့အကိုကို ​ပြောလိုက်ရသေးတယ်..ဟီးး"

"ဟုတ်ပါပြီ"

"အန်ကယ်​ဖေ​ဖေ...ကိုကို​ကော?
အခုထိ မနိုး​သေးဘူးမလား"

2gether new ver(အလွဲများနဲ့အချစ်)CompletedWhere stories live. Discover now