~Unicode~
ရက်တွေကိုလစား လတွေကိုနှစ်စားနဲ့
အချိန်တွေ ကုန်လာလိုက်တာ သုံးနှစ်တောင် ရှိသွားခဲ့ပြီ
အချိန်တွေကုန်ဆုံးသွားတဲ့အချိန်မှာ နေ့စဥ်လည်ပတ်မှု
တွေဘယ်လိုလဲလို့ မေးလာရင်တော့
အဖြေက ရိုးရိုးရှင်းရှင်းပါပဲသူငယ်ချင်းတွေဆို စလိုက်နောက်လိုက်
ပျော်လိုက်ပါးလိုက်ပေါ့ချစ်သူရည်းစားတွေဆိုရင် ရန်ဖြစ်စိတ်ကောက် ပြန်ဖြစ်ဆိုတဲ့
သံသရာမှာ လည်ပတ်နေကြပါတယ်။အာ..မေ့နေတာ..ပြောင်းလဲသွားတာ တစ်ခုရှိတယ်။
ဘယ်သူ့အကြောင်းလဲဆိုရင် ကျွန်တော့်ကလေးTineပေါ့။
သူကလေ ကျွန်တော်အလုပ်လုပ်နေတာကို အခွင့်ကောင်းယူပြီး ကျောင်းတက်တဲ့အချိန်တွေမှာ တဖြဲနှစ်ဖြဲ စားလိုက်သောက်လိုက်တာဆိုတာ မပြောချင်တော့ဘူး..ဟီးး။
ပြန်မပြောကြနဲ့နော်..ကျွန်တော်ကချစ်လို့တင်စားပြီး
ပြောပေးတာ။မပြောပြလို့ရှိရင်လည်း မသိကြမှာစိုးလို့ ပြောပြပါ့မယ်။
အခုဆို အမောင်Tineရဲ့ကိုယ်လုံးကိုယ်ပေါက်က ပိန်သေး
ပုံစံ မဟုတ်တော့ဘူး။
လုံးလုံးပြည့်ပြည့်ဖြစ်သွားတော့ အရပ်တောင် ကျွန်တော့်ထက်
မဆိုသလောက်ပုသွားတယ်တောင် ထင်မိတယ်။"အဲ့လောက် အစားတွေအများကြီးမစားနဲ့...ကလေး
ဒီထက်မက ဝလာလိမ့်မယ်"ပြောလိုက်ရင်
သူ့နှုတ်ခမ်းကြီးက တတောင်လောက် ထော်လာပြီး
ပွပွစိစိနဲ့ စပြောတော့တယ်။"ရည်းစားဖြစ်တာ ကြာပြီဆိုပြီး ညိုငြင်တာလား
ဒါမှမဟုတ် အလုပ်မှာပဲ အချောအလှအသစ်တွေ့လို့
လူကိုပလစ်ချင်တာလား အစရှိသဖြင့်ပေါ့"သူ အဲ့လိုလေး ပြောနေရင် နားတော့နည်းနည်းအူပေမယ့်
ချစ်လွန်းတော့လည်း အပြစ်မမြင်ပါဘူး။"ရစ်တာကလည်း ချစ်စရာကောင်းသလို
ဝတာလေးကလည်း ဖက်ထားလို့ ကောင်းပါတယ်"ဆိုပြီး
ပြောလိုက်ရင် သူ့ရဲ့မူပိုင်အပြုံးချိုချိုလေးကို
စွန့်ကြဲတတ်တယ်။
YOU ARE READING
2gether new ver(အလွဲများနဲ့အချစ်)Completed
RomanceTineဆိုတဲ့ အလွဲတွေအများကြီးလုပ်တတ်တဲ့ ကောင်လေးက sarawatဆိုတဲ့ရုပ်တည်ပြီး စာအရမ်းတော်တဲ့ ကောင်လေးတို့ရဲ့ အချစ်ဟာသ ဇာတ်လမ်းလေးပါ Start Date-18.5.2020💜 End Date-27.11.2020💞