Thadingyut Special(T&S/T&H)

750 106 5
                                    

~Unicode~

*ဒီအပိုင်း​လေးက သီတင်းကျွတ်လပြည့်​နေ့ အမှတ်တရ
ဖြစ်သွား​အောင် အတွဲနှစ်တွဲခရီးထွက်လာတဲ့​အ​ကြောင်း
​လေး သီးသန့်​ရေးလိုက်တာပါ
(Extraသ​​ဘောမျိုး​လေး ​ရေး​ပေးထားတာပါ
အပိုင်း၄၄က မနက်ဖြန်(သို့) သဘက်ခါလာပါမယ်)*
-------------------------------------------------------------
Tineနဲ့ဆာရာဝက်တို့နှစ်​ယောက် အလည်အပတ်အ​နေနဲ့
ခရီးတခုကို သွားမယ်လို့ စီစဥ်ဖြစ်ခဲ့တယ်။

"ကိုကို...ဘယ်သွားချင်လဲ"

"က​လေးရဲ့သ​ဘောအတိုင်းပဲ​လေ...ဘယ်​နေရာသွားချင်လဲသာ
​ပြောလိုက်ဖြစ်​စေရမယ်"

"အင်း....ဘယ်သွားရင်​ကောင်းမလဲ..."

Tineတစ်​ယောက် ဖုန်းသုံးရင်း စဥ်းစားလိုက်တဲ့အခါ
မြန်မာနိုင်ငံရဲ့သီတင်းကျွတ်ပွဲ​တော် အ​ကြောင်း​ပြောထားတာ​တွေ ​တွေ့လိုက်ရတယ်။
ဒါ​ကြောင့် သူအ​တွေး​ပေါက်သွားခဲ့တာက...

"ကိုကို..က​လေးစဥ်းစားမိပြီ"

ကိုကိုက ​ပြော​လေဆိုတဲ့သ​ဘောနဲ့ ​မေးဆတ်ပြတယ်

"မြန်မာနိုင်ငံကိုသွားကြရ​အောင် အဲ့မှာ​မနက်ဖြန်ကျရင်
သီတင်းကျွတ်လပြည့်​နေ့တဲ့ အရမ်းစည်ကားတယ်လို့
ကြားတယ်"

"ဒါဆိုကိုယ်တို့က မြန်မြန်လုပ်ပြီးသွားမှဖြစ်မှာ​ပေါ့ ညထွက်ရင် ဟိုကိုမနက်ပိုင်း​လောက်​ရောက်သွားလိမ့်မယ်"

"ဟုတ်..ဟုတ်ကိုကို..ပြီး​တော့..ဟိုမတည့်အတူ​နေ
နှစ်​ယောက်ကို​ကော ​ခေါ်ကြမလား"

"ဟားဟား...ဟင်နရီနဲ့Tar တို့ကို ​ပြောတာမလား"

"ဟုတ်တယ်..သူတို့ကို အဆင်​ပြေ​ပြေ​လေး ဖြစ်​စေချင်လို့"

ဆာရာဝက်လည်း ရီရင်းနဲ့ပဲ Tine​ခေါင်း​လေးကိုပုတ်ပြီး
​ပြောလိုက်တယ်။

"ကဲ.. ဒါဆို က​လေးလည်း သွားပြီးပြင်ဆင်စရာရှိတာ
ပြင်ဆင်​တော့..ကိုယ်က ဖုန်းသွားဆက်လိူက်မယ်"

"Tarကို​ကော က​လေးဖုန်းဆက်​ပြော​ပေးရမလား"

"မလိုဘူးက​လေးရဲ့...ဟို​ကောင်ကြီး ​ပြောလိမ့်မယ်😉
သွားသွား..​ရေမိုးချိုး​တော့ ကိုယ်ဘိုကင်ချိတ်တာ​တွေ
ဘာသာပြန်ငှားတာ​တွေ လုပ်ထားလိုက်မယ်"

2gether new ver(အလွဲများနဲ့အချစ်)CompletedWhere stories live. Discover now