💚Part-34💚(U+Z)

957 121 9
                                    

~Unicode~

ပင်ကီ-ဒါနဲ့ ခဏနေဦး ရိုစီရေ လူမစုံသေးဘူး
ဖြစ်နေတယ်

ရိုစီ-ဟမ်...ဘယ်သူမရှိတာလဲ 

Tine-ဟိုလေ...Tarကျန်သေးတာ သူအပြင်ခဏ
ဆိုပြီး ထွက်သွားတာ ပြန်ပေါ်မလာသေးဘူး

Tineတစ်ယောက် အခုမှပဲ အသက်ဝင်ပြီး
စကားတွေဘာတွေ ပြောတော့တယ်
စောနတုန်းက ကျောက်ရုပ်လို ဖြစ်နေတာ 
သူမဟုတ်သလိုပဲ

ရိုစီ-အဲ့ဒါဆိုလည်း တယောက်ယောက် သူ့ကိုသွား
ခေါ်လိုက်ကြဦးလေ ကစားပွဲက စတော့မှာကို

Tee-ငါ သွားခေါ်လိုက်မယ် ခဏစောင့်ကြဦး

Teeတစ်ယောက် ထပြီး သွားခေါ်တော့မလို့
အလုပ်မှာ ဒေလီရဲ့လှမ်းတားသံ ကြားလိုက်ရတယ်

ဒေလီ-အယ်...အကို..အကို..ခဏ
အကို မသွားနဲ့ ညီမအကိုဟင်နရီကို သွားခိုင်းလိုက်
မယ် အကိုသွားရင်Tineတယောက်တည်း ဖြစ်နေမှာ
လေ ...အဟင်း

ဒေလီလည်း သူ့ဆိုလိုရင်းကို မသိအောင် 
လမ်းကြောင်းလွှဲပြီး ပြောလိုက်ရတယ် 

(ဒါမှကျွန်မအကိုနဲ့Tarတို့ အေးအေးဆေးဆေး
..အဟိ...)

Tee-အေးအေး...ဒါဆိုလည်း အကိုဟင်နရီကိုပဲ
အားနာနာနဲ့ အကူအညီတောင်းပါရစေ

Teeတယောက် ဟင်နရီဘက်ကိုလှည့်ပြီး
ပြောလိုက်တော့ ခေါင်းငြိမ့်ပြပြီး
အပြင်ကို တန်းထွက်သွားတော့တယ်

"မြန်ချက်...ငါ့အကိုဘယ်ချိန်ကတည်းက လိုက်သွား
ချင်နေလဲမသိဘူး"ဆိုပြီး ဒေလီတစ်ယောက်
စိတ်ထဲမှ ပြော လိုက်တော့တယ်

(ဟင်နရီတယောက် Tarထွက်သွားကတည်းက
နောက်ကလိုက်သွားချင်တာပါ ဒါပေမယ့်...အင်း...သူမကြိုက်မှာစိုးလို့ ငြိမ်နေခဲ့ရတာ စိတ်တော့မချတာ အမှန်ပဲ)

တစ်ဖက်တွင်လည်း Tarတစ်ယောက် စိတ်ညစ်
လာလို့ ထွက်ပေါက်တခုအဖြစ်နဲ့ ဆေးလိပ်ကို
သောက်နေတယ်

"ကျစ်....အဲ့တယောက် ဘာလို့ ငါ့ကို ရိသဲ့သဲ့
စကားတွေ အကြည့်တွေ လာလာလုပ်နေရတာလဲ
ပြီးတော့သူ့နား ကပ်မထိုင်ချင်လို့ Tineကို ပြောပြီး
နေရာပြောင်းချင်တယ်လို့ပြောလိုက်တာကို..."

2gether new ver(အလွဲများနဲ့အချစ်)CompletedWhere stories live. Discover now