💚Part-35💚[U+Z]

982 135 13
                                    

<Unicode>

ဖုန်းသံကြားလို့ ကြည့်လိုက်တဲ့အချိန်မှာ
ပေါ်နေတဲ့နာမည်ကြောင့် စိတ်က အလိုလို
မကြည်ဖြစ်သွားတယ်
ဘေးနားမှာ လူတွေရှိနေတာကြောင့်
လူရှင်းတဲ့ခပ်ဝေးဝေးနေရာတခုမှာ သွားပြောဖို့
လုပ်လိုက်တယ် ဘာလို့လဲဆိုတော့
သူနဲ့စကားပြောရင်
ကိုယ့်စကားသံတွေကက လေသံမာမာဖြစ်တတ်
တော့တခြားလူတွေ မကြားစေချင်လို့ပါ

ဒါနဲ့ပဲ ခပ်ဝေးဝေးတနေရာရောက်တော့မှ
ဖုန်းကိုင်လိုက်တယ်

"ဘာကိစ္စရှိလဲ"

"မောင်လေးကလည်း ဒီလူနဲ့ဒီလူ ကိစ္စရှိမှ
ဖုန်းဆက်ရမှာလား ပြီးတော့ ဖုန်းကိုင်တာ
ဘာလို့ကြာနေရတာလဲဟင်"

"ဘယ်လိုကြောင့်ပဲကြာကြာ
ကိုင်ရင်ပြီးတာပဲမလား ပြီးတော့
ခင်ဗျားကလေ...မလိုအပ်တဲ့စကားတွေ
တော်တော်ပြောတယ်နော်....အဓိကအကြောင်း
သာမြန်မြန်ပြော"

"အော်..အင်း...ကျောင်းအားကစားပွဲ မမလာမယ်
ဆိုပြီးမလာဖြစ်ခဲ့တဲ့ အကြောင်းလေးပြောပြချင်လို့ပါ ဒီနေ့ကုမ္ပဏီမှာ အရေးကြီးဧည့်သည်သွား
တွေ့ရမယ်ဆိုလို့ မလာဖြစ်တော့တာပါ
ဒါကြောင့် မမ မလာတာကို
မောင်လေး စိတ်မဆိုးပါနဲ့နော်"

"ဒီမှာ...ဒီမှာ...တစိတ်လောက်....ခင်ဗျားနဲ့ကျွန်တော်က စိတ်ဆိုးစိတ်ကောက်တာမျိုး ဖြစ်ရအောင်
ချစ်သူတွေလား ကျွန်တော်က ခင်ဗျားမလာလို့လည်း
ဘာမှမဖြစ်သလို လာခဲ့ရင်လည်း ဘာမှမဖြစ်ဘူး
ကျွန်တော့်စိတ်ထဲမှာ ခင်ဗျားမရှိဘူးဆိုတာကို
မှတ်ထားပေးပါ....ခင်ဗျားနဲ့ကျွန်တော်
အခုလို ပြောဆိုနေရတာ ကျွန်တော့်အဖေကြောင့်ပါ
တော်ပြီ...ထပ်မပြောချင်တော့ဘူး...
ကျွန်တော် ဖုန်းချလိုက်တော့မယ်...
ပြီးတော့...ခင်ဗျားကြီး....ဒေါသထွက်လို့
အဖေ့ကို သွားတိုင်ထားလည်း ရတယ်.."

ဆာရာဝက်ဘက်က ဦးစွာ ဖုန်းချလိုက်တယ်
အမြဲလိုလို ကျွန်တော့်ဘက်ကပဲ အရင်ဖုန်းချတာပါ

နမ်-မောင်လေး...မင်း တင်းထားနိုင်သမျှ
တင်းထားဦးပေါ့...တချိန်ချိန်မှာ မမဆီကိုပဲ
ရောက်လာရမယ်ဆိုတာ သိထားလိုက်ပါဟားဟား

2gether new ver(အလွဲများနဲ့အချစ်)CompletedWhere stories live. Discover now