💚Part-40💚(U+Z)

1K 141 12
                                    

~Unicode~

"ဟမ်!!"

ဆာရာဝက်တ​ယောက် သူ့​ရှေ့မှာ ​ခေါ်မကြား​အော်မကြား
တဟမ်ဟမ်လုပ်​နေတဲ့ ​ကောင်​လေးကို လှုပ်နိုးမှရ​တော့မယ်
'ဘယ်နှယ့် ကျွန်​တော်က ဖီးလ်အပြည့်နဲ့ ချစ်​ကြောင်းကို
ထုတ်​ပြောတဲ့အချိန် သူ့စိတ်ကအ​ဝေး​ရောက်လို့
​ကောင်း​နေတုန်း...ဟက်တကယ်ပါပဲ အူ​ကြောင်​ကြောင်​လေး'

"Tine...အကို​ပြောတာကြား​ကော ကြားရဲ့လား"​မေးပြီး
သူ့လက်​မောင်းကို ကိုင်ကာ အသာဆွဲလှုပ်လိုက်တယ်

Tineတ​ယောက် သူ့စိတ်ထဲမှာ ကိုကို​ပြောသွားတဲ့စကား​တွေကို
အိမ်မက်လား တကယ်လား စိတ်ထင်​နေတာများလား
ဆိုပြီး လွန်ဆွဲလို့ ​ကောင်း​နေတုန်းပဲ

'ငါ ညကပုံမှန်အိပ်ချိန်မအိပ်မိလိုက်လို့များ ​ဦး​နှောက်က
​ကြောင်သွားပြီး ကြားချင်တာ ကြား​နေတာများလား'

"ဟို​လေ..အကို..စိတ်မရှိရင် ကျွန်​တော့်ကို တခု​လောက်ကူညီ​ပေးပါလား"

"အင်း​ပြော​လေ...ကိုယ်​ဘာလုပ်​ပေးရမလဲ"

"ကျွန်​တော့်ပါးကို နာနာ​လေး တချက်​လောက် ဆွဲလိုက်ပါလား
အခုဖြစ်​နေတာ​တွေက အိမ်မက်လိုလို ဘာလိုလို ထင်​နေမိလို့"

'ဒီ​ပေါက်စ တကယ်ရီရတာပဲ ကိုယ်​ပြော​နေတဲ့စကား​တွေကို အိမ်မက်ထင်လို့တဲ့..'(ဆာရာဝက်အ​တွေး)

"​ကောင်းပြီ​လေ...အ​သေအချာသိသွား​​အောင် နာနာ​လေး
ဆွဲ​ပေးမယ် အို​ကေလား"

(ဟိုက်...​ပြောမိတာ မှားပြီထင်တယ် ပြန်ပြင်လို့လည်း
မရ​တော့ဘူး ကိုကိ့အားကြီးနဲ့ဆိုရင် နာမှာ​သေချာတယ်...
ငါ့ပါး​လေး..အမျှ..အမျှ)

"အို..အို​ကေပါတယ်..."

ကျွန်​တော့်​ရှေ့က အ​ကောင်​ပေါက်​ သူပဲ​ပြောပြီးကြောက်လို့
လာတုန်​​နေတယ်မျက်လုံးကို အတင်းကြီး မှိတ်ထား​သေးတယ်
တကယ်ပါပဲ

"ကိုယ်စပြီ"

"ဟုတ်ကဲ့"

​ကျွန်​တော့်ပါးပြင်ဆီကို လက်ကတဖြည်းဖြည်း​ရောက်လာတယ်ဆိုတဲ့အသိကို ခံစားလိုက်ရတယ်။ပြီး​တော့....
လက်​တွေဖယ်သွားသလိုပဲ..ဟင်..ဘာလို့

2gether new ver(အလွဲများနဲ့အချစ်)CompletedWhere stories live. Discover now