~Unicode~
တခဏကြာ လှဲလျောင်းပြီးတဲ့နောက်မှာတော့
ကျွန်တော့်သူငယ်ချင်း ဖြစ်သူနဲ့အတူ
အတန်းရှိရာသို့ ပြန်လာပြန်လာခဲ့တယ်"ဟေ့ကောင်...မင်း မှားတာ မသိဘူးလား
ဘာကို ဝေ့လည်ကြောင်ပတ် မဟုတ်ဘူးလို့
ငြင်းနေရတာလဲ ထားလိုက်တော့ ဒါနဲ့
မင်း တိုက်လိုက်လို့ ငါ့အပေါ် ကော်ဖီတွေ
ဖိတ်ကျသွားတယ်လေ""ကျွန်တော် တောင်းပန်ပါတယ်ခင်ဗျ
တကယ့်ကို မမြင်လိုက်ပဲ ဖြစ်သွားရတာပါ
ကျွန်တော် အဲ့အဝတ်အစားဖိုး ပြန်လျော်ပေးပါ့မယ်""မင်းက လျော်ပေးမယ် ပြောရအောင်
ဘယ်လောက် ချမ်းသာနေလို့လဲ""ငါ့ဝတ်စုံက မင်းပါးစပ်ဖျားမှာ
ထည့်ပြောဖို့ မတန်တဲ့ စျေးရှိတယ်ကွ ဟားဟား"ဆာရာဝက် တယောက် အဲ့ဒီရန်စကားသံ
ကြားရာနေရာသို့ ရောက်လာခဲ့တယ်
သူ မထင်မိလိုက်တာ အဲ့နေရာကို
ရောက်သွားတဲ့အခါ နာကျင်ရမယ်ဆိုတာပါပဲအဲ့လို ကောင်လေးနှစ်ယောက် ရန်ဖြစ်နေကြတဲ့
အပေါ်မှာ ဘေးနားက ကြည့်နေတဲ့သူများကလည်း
ဝင်ရောက် တားခြင်းမရှိခဲ့ကြပါဘူးထိုအချိန်မှာ မျက်နှာငယ်ဖြစ်နေသူက
တခြားလူမဟုတ်ပါဘူး Tineပါ"ကျွန်တော် ပြန်လျော်ပေးပါ့မယ်
ပြောနေတာတောင် ကျွန်တော့်ကို
ပြောဆိုနေတယ်""ကျွန်တော် သည်းခံနိုင်တဲ့ အတိုင်းအတာ
ကို မကျော်လာပါနဲ့""ကျော်လာတော့ ဘာဖြစ်လဲ"ဆိုပြီး
အဲ့တယောက်ရဲ့လက်သီးက Tineမျက်နှာပေါ်
ကျတော့မယ့်အချိန်မှာ လူတယောက်က
ဖမ်းဆွဲလိုက်တယ်လွန်ခဲ့သော မိနစ်အနည်းငယ်လောက်က~~~
Tine-ဟေ့ကောင် ငါကော်ဖီလေး သွားဝယ်မလို့
ခဏလောက် လိုက်ပေးကြပါလား
Tar-မင်းကလည်း ဟိုနားနဲ့ဒီနားပဲကို
မင်း တယောက်တည်းသွားလိုက်ပါလားTine-ဒါဆိုTeeမင်းကော?
Tee-ငါ အခုအလွမ်းသယ်နေတုန်းမို့လို့ပါ
ဒေးဗစ်ကလည်း သူအားချိန်မို့လိူ့ စကားပြောချင်လို့တဲ့
အဲ့ဒါကြောင့်ပါ နားလည်ပေးနော်
Tine-Tar မင်းက အလုပ်မရှိအားနေတာပဲကို
YOU ARE READING
2gether new ver(အလွဲများနဲ့အချစ်)Completed
RomanceTineဆိုတဲ့ အလွဲတွေအများကြီးလုပ်တတ်တဲ့ ကောင်လေးက sarawatဆိုတဲ့ရုပ်တည်ပြီး စာအရမ်းတော်တဲ့ ကောင်လေးတို့ရဲ့ အချစ်ဟာသ ဇာတ်လမ်းလေးပါ Start Date-18.5.2020💜 End Date-27.11.2020💞