Taehyung တစ်ယောက်အစ်ကိုဖြစ်သူ Taesoo နဲ့အစ်မ Jaehee တို့ရဲ့အုတ်ဂူရှေ့တွင်ရပ်နေမိသည်။နှစ်ယောက်လုံးရဲ့ အုတ်ဂူတစ်ခုစီမှာသူယူလာတဲ့ပန်းစည်းတစ်ခုချင်းစီကိုချလိုက်တယ်။
သူတို့နှစ်ယောက်သေဆုံးခဲ့တာဒီနေ့ဆို(၂)နှစ်ပြည့်ခဲ့ပြီ။သူတို့နဲ့အသိတိုင်းကတော့ သူငယ်ချင်းနှစ်ယောက်ငယ်ငယ်ရွယ်ရွယ်နဲ့ car accident ဖြစ်ခဲ့ကြသည်လို့ပဲသိထားကြသည်။
ဒါပေမယ့် သူငယ်ချင်းထက်ပိုတဲ့ဆက်ဆံရေးဆိုတာကိုတော့ သေဆုံးသွားတဲ့သူတို့နှစ်ယောက်ရယ်၊ Taehyung ရယ်ပဲသိကြတယ်။
အစ်မ Jaehee ရဲ့အမျိုးသားဖြစ်တဲ့သူကသိချင်သိမှာပေါ့လို့ Taehyung တွေးမိတယ်။ သူသိတာမသိတာကအခုအချိန်မှာအရေး မကြီးတော့ပါဘူး။
အရမ်းချမ်းသာတဲ့အမျိုးသားတစ်ယောက်ဆိုတာကလွဲလို့အစ်မ Jaehee ရဲ့အမျိုးသားအကြောင်းကို Taehyung မသိပါ။
သူဌေးသားတစ်ယောက်နဲ့လက်ထပ်ရတော့မယ်ကတည်းက အစ်မ Jaehee ကသူတို့ကိုသေချာအဖတ်လုပ်တာမှမဟုတ်တာ။
ဒါပေမယ့် အစ်ကို Taesoo နဲ့ကျတော့
တစ်ခါတစ်ခါ လူ့စိတ်ဆိုတာအံ့ဩဖို့ကောင်းတယ်။မပြည့်မစုံ နေရမှာကိုကြောက်တာကြောင့် အစ်ကိုကြီးနဲ့ချစ်သူဆိုတာကိုလူသိမခံဘဲသူငယ်ချင်းလိုပဲအများအမြင်မှာ ဟန်ဆောင်ခဲ့တဲ့ အစ်မ Jaehee က ပြည့်ပြည့်စုံစုံနေရပြန်တော့ကျ အစ်ကိုကြီးနဲ့ပြန်ဆက်သွယ်ပြီး ဖောက်ပြန်ခဲ့တယ်။
ဒီကိစ္စတွေကို Taehyung အနေနဲ့မမျှော်လင့်ဘဲသိခဲ့ရတာပါ။ တခြားဘာအကြောင်းတွေရှိခဲ့ဦးမယ်ဆိုတာကို Taehyung မသိသေး။သိလည်းမသိချင်ပါဘူး။
သိလည်းဘာမှအကျိုးရှိတဲ့ကိစ္စတွေမှမဟုတ်တာ။လက်က နာရီကိုကြည့်လိုက်တော့ အချိန်ပိုင်းအလုပ်ချိန်နီးနေတာကြောင့် အစ်ကိုကြီးတို့နှစ်ယောက်ရဲ့အုတ်ဂူရှေ့ ကနေ Taehyung ထွက်လာခဲ့လိုက်တော့တယ်။
Jungkook တစ်ယောက်သူ့အင်္ကျီကိုအသေအချာပြင်ဆင်ပြီး ဝတ်လိုက်သည်။ဒီနေ့သွားစရာတွေအများကြီးရှိတယ်လေ။ဒီနေ့ကသူ့မိန်းမ Lee Jaehee ဆုံးတာ(၂)နှစ်ပြည့်တဲ့နေ့ဘဲ။
BẠN ĐANG ĐỌC
𝐌𝐈𝐒𝐓𝐘-[ 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ]