Unicode
မနက်ဖြန်ဆိုကျောင်းပိတ်တော့မှာ မို့လို့ Taehyung ပျော်မိသည်။ Jungkook နဲ့တွေ့ရတော့မည်လေ။ တစ်ခါတစ်ခါကျ အချစ်ဆိုတာ အရမ်းပျော်ဖို့ကောင်းတယ်။ ကိုယ့်ဘက်က ဖြူဖြူစင်စင်နဲ့ချစ်နေပြီး အဲ့လူစီမှာပိုင်ရှင် မရှိသေးသ၍ပေါ့။
ဘာပဲဖြစ်ဖြစ် အခုလိုစိတ်ထဲမှာ ချစ်နေခွင့်ရတာကိုကပျော်ဖို့ကောင်းသည်။
"ဘာလို့ အဲ့လောက်တောင်ပြုံးနေတာလဲ။"
ဘယ်ကနေဘယ်လို ပေါ်လာမှန်းမသိဘဲ သူ့အရှေ့ကိုရောက်လာတဲ့ Gayeon ရဲ့အသံကြောင့် Taehyung လန့်သွားသည်။
"ဟာ လန့်လိုက်တာ။ နင်ကလဲ အသံမပေးဘဲနဲ့"
"အမယ် နင့်ဘာသာနင် စိတ်ကဘယ်ရောက်နေမှန်းမသိဘဲနဲ့။ "
Gayeon ရဲ့စကားကြောင့် Taehyung ရှက်မိသွားသည်။ Jungkook အကြောင်းစဥ်းစားတာ အရမ်းကိုများသွားတာလားမသိ။
"ဒီအတိုင်း တွေးစရာရှိတာတွေးနေတာပေါ့။ဒါနဲ့ ခုနက နင့်ကို Daemin လိုက်ပို့တာတွေ့လိုက်တယ်။ နင်တို့ ၂ယောက်အဆင်ပြေသွားကြပြီလား။ "
"အင်း ဒီနေ့သူနဲ့ငါ သွားစရာရှိလို့။ နင်တစ်ယောက်တည်း အိမ်ပြန်လိုက်တော့နော်။ "
"အင်းပါ။ "
"ဪ ငါမေ့တော့မလို့။ နင့်ကိုအရေးတကြီးပြောစရာရှိတယ်။ "
"ဘာလဲ။"
"နက်ဖြန်ညနေကျ ငါနင့်ကိုကောင်မလေးတွေနဲ့ တွေ့ပေးမလို့။ နင်လိုက်ခဲ့မယ်မလား။နင့်မှာရည်းစားမရှိသေးဘူးဆိုလို့လေ။ "
"မလိုက်ချင်ဘူး။ တခြားလူနဲ့တွေ့ပေးလိုက်။"
"ဟာ နင်လိုက်မှဖြစ်မှာမို့လို့ပေါ့။ ပြီးတော့မနက်ဖြန်ကျ နင့်မှာ ညနေပိုင်းလုပ်စရာမရှိဘူးမလား။ "
Gayeon က သူ့မှာအလုပ်မရှိမှန်းသိလို့ အတင်းခေါ်နေသည်။ ဒါပေမယ့် Taehyung မသွားချင်ပါ။ သူ့အနေနဲ့ Jungkook တစ်ယောက်တည်းကိုသာ ချစ်တာမို့လို့ သူမဟုတ်ဘဲတခြားတစ်ယောက်နဲ့ မတွေ့ချင်။ အဲ့အကြောင်းတွေကို မသိဘဲ Gayeon ကအတင်းခေါ်နေသည်။
KAMU SEDANG MEMBACA
𝐌𝐈𝐒𝐓𝐘-[ 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ]