Unicode
Taehyung တစ်ယောက်အိမ်ပြန်ရောက်တော့ ဆရာ့ကိုမတွေ့ရတာကြောင့် အလုပ်ကပြန်မလာသေးဘူးလို့တွေးလိုက်တယ်။ ဆရာပြန်မလာခင် ညစာချက်ထားပေးလိုက်ရင် ပြန်ရောက်တဲ့အခါကျ အလုပ်လုပ်စရာမလိုလောက်တော့ဘူး။
အတွေးနဲ့အတူ ရေမိုးချိုးပြီး ညစာချက်ဖို့ပြင်လိုက်တယ်။ ဒါပေမယ့်ဟင်းချက်ဖို့ရေခဲသေတ္တာကိုကြည့်လိုက်တော့ ဟင်းချက်စရာဘာတစ်ခုမှမရှိတာကြောင့် စိတ်ဓါတ်ကျသွားတယ်။
သူထမင်းမစားရတာထက် ဆရာ့ကိုအပန်းမကြီးအောင်လုပ်ပေးဖို့ စဥ်းစားထားတဲ့အစီအစဥ်ပျက်သွားတဲ့အတွက်ကြောင့် Taehyung ဝမ်းနည်းမိတယ်။ ဆရာကလဲဘာလို့ ချက်စရာလေးတစ်ခုတောင်မရှိအောင် လုပ်ထားရတာလဲ။
စာလုပ်ဖို့ကျပြန်တော့လဲလူကစိတ်မပါ။••••• တစ်ယောက်တည်း ဘာလုပ်ရမလဲတွေးရင်းနဲ့ ခေါင်းထဲမှာပေါ်လာတာက ဆရာ့အခန်းထဲကိုဝင်ကြည့်ဖို့။ သန့်ရှင်းရေးလုပ်ရင်းနဲ့ အိမ်ရဲ့နေရာအနှံ့ကိုရောက်ဖူးပေမယ့် ဆရာ့အခန်းထဲကိုတော့ တစ်ခါမှမရောက်ဖူး။
ကိုယ်ချစ်ရသူရဲ့ အခန်းမို့ဝင်ပြီးကြည့်ချင်ပေမယ့် တစ်ဖက်ကစဥ်စားကြည့်ပြန်တော့ အဲ့လိုမျိုးပိုင်ရှင်က်ုခွင့်မတောင်းဘဲ ဝင်ကြည့်တာကောင်းပါ့မလားလို့။ ဒါပေမယ့်သူမသိအောင် ခဏလေးပဲဝင်ကြည့်ရင်ရတာဘဲ။ ပစ္စည်းခိုးတာမှမဟုတ်တာလို့တွေးမိပြန်တော့ ဆရာ့အခန်းထဲဝင်ကြည့်ဖို့ သတ္တိတွေရှိသွားပြန်ရော။
တကယ်လို့ဆရာတွေ့သွားရင်လဲ သန့်ရှင်းရေးဝင်လုပ်တာလို့ ပြောလိုက်ရင်ရတာဘဲ။ အတွေးနဲ့အတူ ဆရာ့ရဲ့အခန်းထဲကိုဝင်ကြည့်လိုက်မိသည်။
YOU ARE READING
𝐌𝐈𝐒𝐓𝐘-[ 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ]