Unicode
"Taehyung ဘယ်လိုဖြစ်တာလဲ။ "
ခွဲခန်းရှေ့မှာစောင့်နေတုန်း ကြားလိုက်ရတဲ့ Jungkook ရဲ့အသံကြောင့် Taehyung အားကိုးတကြီးလှည့်ကြည့်မိလိုက်သည်။ သူတကယ်ကြောက်နေခဲ့တာ။ အစ်ကိုကြီးရှိရင် ဒီလောက်ကြောက်မည်မဟုတ်ပါ။ သူ့အနေနဲ့တစ်ဦးတည်းသော မိသားစုဖြစ်သည့် အမေကရုတ်တရက်မူးလဲသွားကာ သတိပြန်မလည်လာတာကြောင့် အိမ်နီးနားချင်းတွေကို အကူအညီတောင်းပြီး ဆေးရုံပို့ခဲ့ရသည်။
အိမ်နီးချင်းတွေအကုန်လုံးကလဲ သူ့အလုပ်နဲ့သူမို့ ဘယ်သူမှစောင့်မပေးနိုင်ကြ။ခွဲခန်းရှေ့မှာ တစ်ယောက်တည်း စောင့်နေရတာကြောင့် အရမ်းကိုကြောက်နေခဲ့မိတာ။ အမေသာတစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲလို့တွေးမိကာ ပိုပြီးတော့ကြောက်လန့်နေခဲ့သည်။ Jungkook ရောက်လာပေးတဲ့အတွက် လူကနည်းနည်းစိတ်သက်သာရာရသွားသည်။
"ဒီနေ့ ဆရာ့ဆီသွားဖို့ အမေ့ကိုနှုတ်ဆက်မလို့သွားတော့ အမေကမေ့လဲနေတာ။ ခေါ်လို့လဲမရဘူး။ ကျွန်တော် အရမ်း အရမ်းကြောက်မိသွားတာ။ "
တုန်ယင်နေတဲ့ခန္ဓာကိုယ်လေးနဲ့ ရှိုက်သံလေးတွေ စွတ်ပြီးပြောလာတဲ့ Taehyung ရဲ့ပုံလေးကို Jungkook ဂရုဏာမသက်ပဲမနေနိုင်ပေ။ သူ့အမေကို အရမ်းစိုးရိမ်နေတာကိုတွေ့ရတာကြောင့် Taehyung ကိုပိုပြီးတော့သနားမိသလို။
"အဲ့ဒါ ကျွန်တော်အသုံးမကျလို့ဖြစ်ရတာ ဟင့် ။ "
Jungkook တစ်ယောက် Taehyung ရဲ့ကျောလေးကိုအသာလေးပုတ်ပေးကာ
"အဲ့လိုမပြောပါနဲ့ကွာ။ မင်းအမေအတွက်ဘယ်လောင်တောင်ကြိုးစားခဲ့ရလဲဆိုတာ ကိုယ်သိတယ်။ဘာမှမကြောက်နဲ့နော်။ "
"ဟုတ်"
Jungkook လဲTaehyung ကိုနှစ်သိမ့်ပေးနေရသည်။ ဒါတောင် Taehyung ကတော့တောက်လျှောက်ငိုနေသည်။ သူ့အမေနဲ့ပတ်သတ်ပြီးအရမ်းကိုစိုးရိမ်နေပုံရသည်။ အဲ့အချိန်မှာဘဲ ခွဲခန်းထဲကနေ တရာဝန်ထွက်လာတာကြောင့် Taehyung တစ်ယောက်ဆရာဝန်ဆီအပြေးတပိုင်းသွားကာ
YOU ARE READING
𝐌𝐈𝐒𝐓𝐘-[ 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ]