Unicode
Jungkook တစ်ယောက်အခန်းထဲကို ဝင်လာတော့ စာကြည့်စားပွဲမှာထိုင်ပြီး စာလုပ်နေတဲ့ Taehyung ကြောင့် ပြုံးလိုက်မိတယ်။
ခုနကသူ Sana ကိုပြောလိုက်တဲ့စကားကိုကြားပြီးတော့ ကျောင်းပျက်တာကို အပြစ်ပြောခံရမှာစိုးလို့ စာလုပ်နေတယ်နဲ့တူတယ်။ တစ်ခါတစ်ခါကျ Taehyung နဲ့ယှဥ်ရင် သူကကိုယ့်ချစ်သူကို မချစ်တတ်သေးသလိုပဲ။
သူကိုယ်တိုင်ထက် သူ့ချစ်သူအတွက်ကိုပဲအမြဲတွေးပြီး နေတတ်တဲ့ Taehyung လိုကောင်လေးမျိုးကို ချစ်သူအနေနဲ့ ပိုင်ဆိုင်ခွင့်ရတာက ဘဝတစ်လျှောက်လုံးမှာဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေထဲမှာ အကောင်းဆုံးအရာတစ်ခုပင်။
Jungkook တစ်ယောက် စာလုပ်နေတဲ့ Taehyung ရဲ့ ပုခုံးလေးကိုကိုင်လိုက်ကာ
"ကိုယ့်ကလေးလေးက လိမ္မာလိုက်တာ။ "
သူ့စကားကြောင့် ပျော်သွားတဲ့ Taehyung ရဲ့မျက်နှာလေးကို Jungkook မြတ်နိုးမိသည်။ ဘာမဟုတ်တဲ့သူ့ရဲ့ဆုံးဖြတ်ချက်ကြောင့် ကလေးငယ်ကို နာကျင်အောင်လုပ်ခဲ့လိုက်မိတဲ့ ကိုယ်ကိုယ့်ကိုဒေါသထွက်မိသည်။
"စာမေးပွဲအတွက် စာတွေရနေပြီလား။"
သူ့စကားကို ခေါင်းလေးငြိမ့်ပြသည့်ကောင်လေး။ အခုထိကိုယ်နဲ့ သေသေချာချာစကားပြောဖို့ကို တွန့်ဆုတ်နေတာလား ကလေးရယ်။
"ကိုယ် တောင်းပန်ပါတယ်။ ကိုယ်မှားသွားတယ်။ ဒါပေမယ့် ဒီလိုကိစ္စမျိုးအတွက်နဲ့တင် ကိုယ့်ကလေးက နာကျင်ခဲ့ရတာကို ကိုယ်ရင်နာမိတယ်။"
"ဟင့်အင်း။ ကိုကိုတောင်းပန်စရာမလိုပါဘူး။ ကိုကို့မှာဘာအမှားမှ မရှိဘူး။ကျွန်တော်ကသာ အတွေးလွန်ပြီး
ကိုကို့ကို သစ္စာမရှိဘူးထင်ခဲ့တာ။ထင်ရာတွေလျှောက်တွေးပြီး ကိုကို့အပေါ် အရေးမပါတဲ့သံသယတွေထားခဲ့မိတဲ့ ကျွန်တော်ကအပြစ်ရှိတာပါ။ နောက်ဒီလိုမျိုးမဖြစ်အောင် ဂရုစိုက်ပါ့မယ်နော်။"
ကိုယ့်အမှားကိုတောင် သူ့အမှားလုပ်ကာ ပျာပျာသလဲ ရှင်းပြနေတဲ့ကောင်လေးရဲ့ နဖူးလေးကို မြတ်နိုးစွာနမ်းလိုက်မိသည်။
STAI LEGGENDO
𝐌𝐈𝐒𝐓𝐘-[ 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ]