Unicode
"ကိုကို ထပါဦး။ "
ညကအလုပ်အသစ်အတွက် ထပ်ပြီးစုံစမ်းနေရတာကြောင့် ညည့်နက်မှအိပ်ပျော်သွားသည့်အတွက် နည်းနည်းလောက်နောက်ကျမှ အိပ်ရာထဖို့လုပ်ထားပေမယ့် လူကိုလှုပ်ရမ်းရင်း လာနှိုးနေတဲ့ Taehyung ကြောင့်မထချင်ဘဲနဲ့ ထလာရသည်။
"ဘာဖြစ်လို့ လာနှိုးနေရတာလဲကွာ။ ကိုယ်ညတုန်းက အလုပ်လုပ်နေတော့ ပင်ပန်းနေတာမသိဘူးလား။"
"ကျွန်တော်လဲ ကိုကို့ကိုမနှောင့်ယှက်ချင်ပါဘူး။ အခုကဧည့်သည်ရောက်နေလို့ လာနှိုးရတာ။"
"ဧည့်သည် ဟုတ်လား။"
"ဟုတ်တယ်။ ကိုကို့မိဘတွေရောက်နေတယ်။"
"ဘာ"
"အဲ့ဒါ ကိုကိုရှိနေမှ အဆင်ပြေမှာမို့လို့ လာနှိုးတာ။ကိုကို့မိဘတွေက ကျွန်တော်တို့ကိုပြောစရာရှိတယ်တဲ့။ မြန်မြန်ကိုယ်လက်သန့်စင်လိုက်နော်။ ကျွန်တော်ဒီမှာဘဲ စောင့်နေမယ်။"
သူ့မိဘတွေကို သူပါမှထွက်တွေ့ရဲမည့်ပုံပေါက်နေတဲ့ Taehyung ကြောင့် Jungkook စိတ်မကောင်းဖြစ်မိပြန်သည်။ အခုနောက်ပိုင်း အရင်ကထက်ကြံ့ခိုင်လာတယ်လို့ထင်ရပေမယ့် ဒီကောင်လေးက စိတ်အားငယ်တတ်တုန်းဘဲ။
"ကိုကို အဲ့မှာရပ်ပြီးဘာတွေတွေးနေတာလဲ။ ကိုကို့မိဘတွေကိုစောင့်ခိုင်းထားရတာ အားနာစရာကြီး။ "
"အင်းပါ။ ကိုယ် မြန်မြန်လုပ်လိုက်မယ်။ခဏပဲ။"
ရေချိုးခန်းထဲတွင် Jungkook စဥ်းစားမိသည်က သူ့မိဘတွေက ဒီအထိရောက်လာခဲ့ပြီဆိုတော့ တစ်ခုခုကိုဆုံးဖြတ်ချက် အသေအချာချပြီးပြီဆိုတာ ကျိန်းသေနေသည်။ ကောင်းတဲ့ဆုံးဖြတ်ချက်ပဲ ဖြစ်ပါစေ။ သူနဲ့ Taehyung အတူနေနေရပေမယ့် Taehyung ကိုအခက်အခဲတွေနဲ့ ထပ်ပြီးမတွေ့ကြုံစေချင်တော့ပါ။
သူ့အတွက်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကဘာမှမဟုတ်ပေမယ့် Taehyung ကတော့သူ့ဘဝတစ်လျှောက်လုံးကို ပင်ပင်ပန်းပန်းနေလာခဲ့ရတာ။ သူ့ကြောင့်ပင်ပန်းတာမျိုးကို မလိုချင်တော့ဘူးလေ။
KAMU SEDANG MEMBACA
𝐌𝐈𝐒𝐓𝐘-[ 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ]