Unicode
Jungkook တစ်ယောက်ကားမောင်းနေရပေမယ့် သူ့ဘေးကချစ်ရတဲ့သူလေးဆီကိုသာ စိတ်ကရောက်နေမိသည်။ ဒါပေမယ့် သူကကားမောင်းနေရတာကြောင့် Taehyung ကိုမကြည့်မိ။
သူ့အမေဆုံးသွားပြီးတဲ့နောက် စိတ်အားငယ်နေတဲ့ Taehyung ကိုအတတ်နိုင်ဆုံးစောင့်ရှောက်ပေးခဲ့သည်။ အမေဆုံးသွားလို့ သောကရောက်နေတဲ့ကောင်လေးကို အိမ်ပိုင်ရှင်က မညှာမတာအိမ်ပေါ်ကဆင်းခိုင်းသည်ကိုသိရတော့ အရင်ကထက်ပိုပြီးစောင့်ရှောက်ချင်မိလာသည်။
အစကတော့ Taehyung ကိုနေလို့အဆင်ပြေတဲ့နေရာလေးတစ်ခုရှာပေးဖို့ စိတ်ကူးထားသော်လဲ တကယ်တမ်းစဥ်းစားကြည့်တော့ Taehyung ကိုသူနဲ့အဝေးမှာစိတ်မချနိုင်။ Taehyung ကအရင်တည်းက သူ့အလုပ်သူလုပ်ပြီး ကျောင်းတက်နေတဲ့ကောင်လေးပေမယ့် စိတ်ရော၊လူရောအရမ်းနုနယ်လွန်းတာကြောင့်ပင်။
သူလဲအိမ်မှာ တစ်ယောက်တည်းနေနရတာကြောင့် Taehyung ကိုခေါ်ထားဖို့ဆုံးဖြတ်လိုက်မိသည်။ Taehyung ဘက်ကလဲလိုက်နေဖို့သဘောတူခဲ့တာကြောင့် အခုဆို Taehyung ကိုသူ့အနားမှာပင် ထားပြီးတော့စောင့်ရှောက်နိုင်တော့မည်။
အခုလို Taehyung ကိုသူ့အိမ်မှာခေါ်ထားတာက အခွင့်အရေးယူချင်တဲ့မရိုးမသားစိတ်တစ်ခုမှမပါ။ ချစ်ရတဲ့သူကို အနီးကပ်စောင့်ရှောက်ချင်ရုံသက်သက်သာ။
အမှန်အတိုင်းပြောရရင် Taehyung ကို အချိန်ပိုင်းအလုပ်မလုပ်စေချင်ပါ။ Taehyung လိုပုံစံမျိုးလေးက ယောက်ျားရော၊ မိန်းမရောမျက်စိကျလောက်တဲ့ရုပ်လေးမို့ စိတ်မချနိုင်။
သူကိုယ်တိုင်ကျ ဖွင့်မပြောဖြစ်ပေမယ့် Taehyung ကိုလက်မြန်တဲ့လူတစ်ယောက်ယောက်ရဲ့ လက်ထဲကိုပါသွားမှာကိုတော့ စိုးရိမ်သည်လေ။ သေချာဆန်းစစ်ကြည့်ရသလောက်တော့ Taehyung ကအရိုးခံကောင်လေးတစ်ယောက်ပါ။ Jaehee လိုမာယာများတတ်တဲ့ပုံမပေါ်။ ဒါပေမယ့် အခုအချိန်မှာ Taehyung ကိုသူဖွင့်ပြောလိုက်ရင် အခွင့်အရေးယူသလိုဖြစ်သွားလိမ့်မည်။
ESTÁS LEYENDO
𝐌𝐈𝐒𝐓𝐘-[ 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ]