Unicode
Taehyung တစ်ယောက် Jungkook ရဲ့အမေချိန်းဆိုထားတဲ့ ဆိုင်မှာစောင့်နေမိသည်။ ဒီနေ့က Jungkook ရဲ့အလုပ်နားရက်မို့လို့ ဈေးခဏသွားမယ်ဆိုပြီး ထွက်လာခဲ့တာ။ ဒါတောင်သူ့ကို စိတ်မချလို့အတင်းလိုက်ဖို့ပြောနေသေးတာကြောင့် နားရက်ကိုအိမ်မှာ အေးအေးဆေးဆေးနေပါလို့ ပြောကာထားခဲ့ရသည်။
ကိုကို့ရဲ့အမေက သူ့ကိုတစ်ယောက်တည်းလာဖို့ မှာထားသည်လေ။
Jungkook ရဲ့အမေမရောက်လာသေးခင် Taehyung တစ်ယောက်စဥ်းစားမိသည်က စိတ်ရော၊လူရောပင်ပန်းနေပုံပေါက်သည့် Jungkook ရဲ့အကြောင်းကို။ ဘာတွေအဲ့လောက်တောင် စိတ်ညစ်စရာရှိနေတာလဲ။
တော်ရုံတန်ရုံအကြောင်းကို စိတ်ထဲသိပ်မထည့်တတ်တဲ့ ကိုကိုကအခုလို ဖြစ်ပျက်နေတာကိုကြည့်ရတာ Taehyung တကယ်စိတ်မချမ်းသာဖြစ်မိသည်။ သူတို့နှစ်ယောက်ကြားထဲမှာ ဘာလျို့ဝှက်ချက်မှမရှိရဘူးလို့ ပြောထားတဲ့ကိုကိုက သူဘာဖြစ်နေတာကိုမပြောဘဲ တစ်ယောက်တည်း ကြိတ်ခံစားနေတယ်ဆိုတော့ သူ့မိဘတွေများ ပတ်သတ်နေတာလားလို့ပင် Taehyung တွေးမိသည်။ တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်ပဲချစ်ချစ် ကိုယ့်ကြောင့်ကိုယ်ချစ်ရတဲ့သူ ပင်ပန်းရတာမျိုးကို Taehyung မလိုချင်ပါ။
ဒါပေမယ့် အရမ်းချစ်တဲ့ချစ်သူနှစ်ယောက်အတွက် အပင်ပန်းဆုံး ကိစ္စကတစ်ယောက်နဲ့တစ်ယောက်ကွဲကွားသွားတာဘဲ။ အဲ့ဒါကြောင့် ဘာကိစ္စတွေဖြစ်လာဖြစ်လာ ကိုကို့ကိုထားမသွားဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားသွားမည်။
သူ့ဘဝမှာ Jeon Jungkook ဆိုတဲ့လူသားကလွဲရင် ဘာပိုင်ဆိုင်မှုမှ ရှိတာမှမဟုတ်တာ။ အဲ့ဒါကြောင့် အသက်ရှင်နေတဲ့ကာလတစ်လျှောက်လုံး ဖက်တွယ်ပြီးနေသွားချင်တာက မမှားဘူးလို့တော့ထင်မိသည်။
အချိန်နည်းနည်းလောက်ကြာတော့ သူ့အရှေ့ကို ရောက်လာတဲ့ ကိုကို့ရဲ့အမေ။
"စောင့်နေရတာ ကြာပြီလား။"
"မကြာသေးပါဘူး။ ကျွန်တော့်ကိုပြောစရာရှိတယ်ဆိုလို့ လာခဲ့တာပါ။"
YOU ARE READING
𝐌𝐈𝐒𝐓𝐘-[ 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ]