Unicode
"Taehyung ကိုယ်မင်းကိုအရေးတကြီး ပြောစရာရှိတယ်။ "
စာအုပ်ဖတ်နေရင်း ပြောလိုက်တဲ့ Jungkook ရဲ့စကားကြောင့် Taehyung တစ်ယောက်လက်ထဲကစာအုပ်ကိုချလိုက်သည်။ သိပ်အရေးမကြီးတဲ့ စကားဆိုရင် အရေးလုပ်ပြီးမပြောတတ်တဲ့ ကိုကို့ရဲ့အကျင့်ကို သူကောင်းကောင်းသိတာမို့လို့ ဂရုတစိုက်နားထောင်ဖို့ပြင်လိုက်သည်။
"အရေးတကြီးကိစ္စ ဆိုတော့ဘာလဲဟင်။"
"ဒီနေ့ အမေတို့ဆီကိုသွားတော့သူတို့က ကိုယ့်ကို လက်ထက်ဖို့ပဲတောက်လျှောက်တိုက်တွန်းနေကြတယ်။"
Jungkook ပြောလိုက်တဲ့စကားကြောင့် Taehyung စိတ်တွေလှုပ်ရှားလာမိသည်။ ကိုကို့ကိုလက်ထပ်ဖို့ တိုက်တွန်းနေတယ်ဆိုတော့ ဟိုတစ်ခေါက်ကလိုမျိုး တခြားမိန်းကလေးတစ်ယောက်နဲ့တွေ့ခိုင်းဦးမှာလား။
တစ်ယောက်နဲ့တစ်ယောက် ဘာလျှို့ဝှက်ချက်မှမထားဘူးဆိုတဲ့ ကတိအတိုင်းသူ့ကိုဒီအကြောင်းဖွင့်ပြောလာတဲ့ ကိုကိုကြောင့် ကျေနပ်မိပေမယ့် တစ်ဖက်မှာလဲ ကိုကို့ကိုစိတ်ပူမိတဲ့စိတ်ကရှိနေသေးပြန်သည်။
စိတ်မပူလို့ရမလား။ ဒီခေတ်မိန်းကလေးတွေက လွယ်တာမှမဟုတ်တာ။ ကိုကို့ဘက်က စိတ်မဝင်စားရင်တောင် သူတို့ဘက်ကနေ အတင်းလိုက်ကပ်နေကြရင်ဘယ်လိုလုပ်မလဲ။ မပြောကောင်းမဆိုကောင်း ကိုကိုကသူတို့ဘက်ကိုစိတ်ညွှတ်သွားရင် သူဘဲရင်နာပြီးကျန်ခဲ့ရမှာ။
"Taehyung ကိုယ်ပြောတာကိုနားထောင်နေတယ်မလား။ "
အတွေးတွေလွန်နေတုန်း သူ့ကိုလှမ်းခေါ်လိုက်တဲ့ ကိုကိုကြောင့် ခေါင်းငြိမ့်ပြလိုက်ပြီး ဘာစကားမှမပြောဖြစ်ခဲ့။ ဟိုတစ်ခေါက်တုန်းက ကိုကိုကသူ့ကိုအိမ်ထောင်ဖက်တွေ့တဲ့ အကြောင်းကိုမပြောပြခဲ့တာကို အခုမှနားလည်လာသည်။
မပြောပြတုန်းက တစ်မျိုးတစ်ဖုံစိတ်ပူသလို အခုပြောပြပြန်တော့ကျလဲ စိတ်ညစ်ရပြန်တယ်။
"ငိုတော့မှာလား။ "
သူ့ဘာသာသူ တစ်ယောက်တည်အတွေးပေါက်ကာ သိသိသာသာမျက်နှာပျက်ယွင်းလာကာ ငိုဖို့အတွက်မျက်လုံးတွေဝိုင်းလာသည်ကို သတိထားမိတဲ့ ကိုကိုကသူ့ဘေးနားကိုကပ်ထိုင်ကာ မေးလာပြန်တော့လူကရယ်ပြရမလို၊ တကယ်ပဲငိုချလိုက်ရတော့မလို။
YOU ARE READING
𝐌𝐈𝐒𝐓𝐘-[ 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ]