Unicode
နေ့လည်စာစားချိန်မှာ Taehyung တစ်ယောက်နေ့လည်စာ စားပြီးတာနဲ့သူ့စားပွဲခုံပေါ်မှာဘဲ မှောက်အိပ်နေလိုက်တယ်။ မနက်တုန်းကစောစောထပြီး သတင်းစာလိုက်ပို့ထားတော့ အခုအချိန်မှာအိပ်ချင်နေသလိုဘဲ။
ညနေကျရင်တော့ အချိန်ပိုင်းလုပ်နေကျ စားသောက်ဆိုင်ကဆိုင်ရှင်တွေ ခရီးသွားမှာမို့လို့ပိတ်ထားတယ်။ ဒီနေ့တော့နည်းနည်းနားရဦးမယ်။
"Taehyungရေ ဟေ့ကောင် Taehyung"
ရုတ်တရက်သူ့နာမည်က်ုခေါ်ကာ သူ့ပုခုံးကိုကိုင်ပြီးလှုပ်နှိုးလိုက်တဲ့ တစ်စုံတစ်ယောက်ကြောင့်ခေါင်းထောင်ကြည့်လိုက်တော့ တွေ့လ်ုက်ရတာကအတန်းခေါင်းဆောင် Choi Soobin ။
"ဘာကိစ္စရှိလို့လဲ။"
"Taehyung မင်းငါ့ကိုတစ်ခုလောက်ကူညီပါလား။"
"ကူညီရမယ် ဘာကိုလဲ။"
"ဒီနေ့ညနေ ကျောင်းဆင်းရင် ကျောင်းအနောက်ကဘောလုံးကွင်းကိုလာခဲ့ပေးပါလား။"
"ဘာလုပ်ဖိုလဲ။"
"မင်းရောက်လာရင်သိပါလိမ့်မယ် လာခဲ့ပေးပါနော်။"
Taehyung စဥ်းစားမိတယ်။ကျောင်းဆင်းပြီးတဲ့အချိန်ကျမှ ဘောလုံးကွင်းကိုဘာလုပ်ဖို့ခေါ်တာလဲ။ဘောလုံးကန်ဖို့လား။ Soobin လိုကျောင်းမှာနာမည်ကြီးကျောင်းသားတစ်ယောက်က ဘာလို့သူ့လိုသာမန်ကျောင်းသားတစ်ယောက်ကို ဘာလို့ဒီလိုရိုရိုကျိုးကျိုး အကူအညီလာတောင်းနေတာပါလိမ့်။
"Taehyung လာဖြစ်အောင်လာခဲ့နော်"
"ဒါနဲ့ငါလာတာတော့ဟုတ်ပါပြီ။ကျန်တဲ့သူတွေကိုရောအကူအညီမတောင်းကြည့်ဘူးလား။"
"ငါအကုန်လုံးကိုပြောပြီးပြီ။မင်းတစ်ယောက်ဘဲကျန်တော့တာ။ တကယ်လို့မင်းလာဖြစ်ရင်ငါတို့အခန်းဘက်ကနေနော်။ ဟိုဘက်အခန်းဘက်ကမနေရဘူးနော်။"
Soobin ပြောတဲ့စကားရဲ့အဓိပ္ပါယ်ကိုသေချာနားမလည်ပေမယ့် Taehyung တစ်ယောက်ခေါင်းငြိမ့်ပြလိုက်တယ်။ ဟိုဘက်အခန်းကကောင်တွေဘက်မှာ မနေနဲ့ဆိုပါလား။ ဘောလုံးကန်မှာရော ဟုတ်ရဲ့လား။ထားလိုက်ပါ။ ဒီနေ့ညနေ အလုပ်လည်းအားနေတာဘဲ။ Soobin ခေါ်တဲ့နေရာကိုသွားလိုက်တာကောင်းပါတယ်။ အတန်းရဲ့လှုပ်ရှားမှုတွေမှာ တစ်ခါတလေတော့ပါဦးမှပေါ့။ မဟုတ်ရင်တောင် သူ့မှာရင်းနှီးတဲ့ သူငယ်ချင်းရှိတာမှမဟုတ်ဘူးလေ။ Soobin ကအခုလိုသူ့ကိုအရေးတယူခေါ်ပေးတာကိုဘဲ ကျေးဇူးတင်မိတယ်။
ESTÁS LEYENDO
𝐌𝐈𝐒𝐓𝐘-[ 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ]