⚪Misty-21⚪

4.4K 468 17
                                    

Unicode

Taehyung ရဲ့စကား​ကြောင့် Jungkook တစ်​ယောက်​ခေါင်းထဲတွင် အ​တွေး​ပေါင်းများစွာ။ ဒါ​ပေမယ့် ကမ္ဘာ​ပေါ်မှာ Kim Taesoo ​​တွေကအများကြီးဘဲမလား။ Taehyung​ပြော​နေတဲ့ Kim Taesoo ဆိုတာတခြားတစ်​ယောက်ကို ​ပြောတာသာဖြစ်လိမ့်မည်။

ဒါ​ပေမယ့် Taehyung ကအလဟဿ​နေရင်း သူ့အစ်ကိုရဲ့နာမည်က Kim Taesoo ဆိုပြီးလာ​ပြောပါ့မလား။ ဒီအတိုင်းဆို Taehyung ကသူအရမ်းမုန်းရတဲ့ Kim Taesoo ရဲ့ညီ​​လေးဖြစ်​နေခဲ့တာလား။

ဒါဆို Jaehee ဖောက်ပြန်ခဲ့တဲ့ ကိစ္စ​တွေကို​ရော Taehyung ကသိ​နေတာလား။ အဲ့ဒါ​တွေကို သိရဲ့သားနဲ့ Taehyung ကသူ့ကိုချစ်တယ်လို့ဖွင့်​ပြောခဲ့တာလား။

စိတ်ရှုပ်စွာနဲ့ သူ့​ရှေ့က​ကောင်​လေးကို ကြည့်မိ​တော့ ​ခေါင်းကိုငုံ့ထားကာ ကြိတ်ငိုနေပြန်​သော​ကောင်​လေး​ကြောင့် သူက​လေးကိုဘယ်လိုလုပ်ပြီး အပြစ်တင်ရက်မှာလဲ။

ဒါ​ပေမယ့်ဒီကိစ္စနဲ့ ပတ်သတ်ပြီးစိတ်အာရုံ​​နောက်ကျိသွားတဲ့ ခံစားချက်ကလွဲရင် တခြားဘာကိုမှ မခံစားရ။ Taehyung က​တော့သူစိတ်ဆိုးမှာကို​ကြောက်ကာ အသံတိတ်ငို​နေ​ပေမယ့် သူက​တော့ အထူးအ​​ထွေ ​ဒေါသဖြစ်တာမျိုးမရှိခဲ့ပါ။

ဘာဖြစ်လို့လဲဆို​တော့ Taehyung ကသူ့နှလုံးသားထဲမှာ
နက်နက်ရှိုင်းရှိုင်း ​နေရာယူထားပြီးဖြစ်​နေတာ​​ကြောင့်ပင်။

"Taehyung "

ဘာမှမဖြစ်တဲ့အ​ကြောင်း​ကိုပြောပြီး Taehyung ကိုအငိုတိတ်​အောင် ​ပြောဖို့စကားစလိုက်​ပေမယ့် Taehyung က Jungkookရဲ့ရင်ခွင်ထဲကိုတိုးဝင်ကာ Jungkook ကိုနင့်​နေ​အောင်ကိုဖက်ကာ

"ကျွန်​တော် ​တောင်းပန်ပါတယ် ဟင့် ​နော်။ ကိုကို့ကို ဟင့် ချစ်လွန်းလို့ မ​ပြောဘဲ​နေခဲ့မိတာပါ။ အင့် ဟင့် ကျွန်တော့်ကိုစိတ်မဆိုးပါနဲ့​နော်။ "

ရှိုက်အီသံ​လေးတဟင့်ဟင့်နဲ့ သူ့ကိုခယ​တောင်းပန်​နေတဲ့ ​ကောင်​လေးက သနားဖို့​ကောင်း​နေသလို ချစ်ဖို့​ကောင်း​လဲ​ကောင်းလှသည်။

​ကြောက်​နေတာ။ ဒီ​​ကောင်​လေးက သူစိတ်ဆိုးမှာကို အ​ရမ်း​ကြောက်​နေရှာတာ။ ထစ်ကနဲရှိငိုတတ်တဲ့ အကျင့်စရိုက်မျိုးကို သူမကြိုက်​ပေမယ့် အဲ့အကျင့်က Taehyung ဆီမှာရှိ​နေတာမို့ လက်ခံနိုင်လာသည်။

𝐌𝐈𝐒𝐓𝐘-[ 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ]Onde histórias criam vida. Descubra agora