Unicode
TV ဖွင့်ထားပေမယ့် ဘာတွေလာနေလဲဆိုတာ Taehyung မသိပါ။ မနက်တုန်းက ကြားခဲ့ရတဲ့အကြောင်းအရာတွေကိုပဲ ထပ်တလဲလဲစိတ်ရောက်နေမိသည်။ အရင်ကစိတ်အခြေအနေနဲ့ဆို ကိုကို့ရင်ခွင်ထဲတိုးဝင်ကာ ကြားခဲ့ရတာတွေကိုဖွင့်ပြောရင်း ငိုချလိုက်မိမှာ။ အခုကတော့ ဘာမှမဖြစ်ချင်ယောင်ဆောင်ပြီး TV ထိုင်ကြည့်နေမိသည်။
ကိုယ့်ကိုလုံးဝလက်မခံနိုင်ပဲ ပြောဆိုနေသည့်စကားသံတွေကြောင့် ဝမ်းနည်းမိပေမယ့် ကိုယ့်အတွက်ကြောင့်နဲ့ သူ့မိဘတွေပြောသမျှခေါင်းငြိမ့်မခံဘဲ ကိုယ့်ဘက်ကနေအပြည့်အဝရပ်တည်ပေးခဲ့တဲ့ ကိုကို့ကိုတွေးကြည့်မိတော့ ဒီအချိန်မှာသာ သူငိုနေဦးမယ်ဆိုရင် ကိုကိုပင်ပန်းရလိမ့်မယ်။ တော်တော်လဲစိတ်ညစ်ရမှာ။
ဒီအတိုင်းလေး ဘာမှမကြားချင်ယောင်ဆောင်ပြီးနေတာက အကောင်းဆုံးဖြစ်မှာပါ။ ဒါပေမယ့်ဒီအတိုင်းကြီး အမြဲနေသွားလို့ရမှာတော့မဟုတ်ဘူး။ ကိုကို့မိဘတွေက ကိုကို့ကိုတခြားတစ်ယောက်နဲ့သာတွေ့ပေးခဲ့ရင် ဘယ်လိုလုပ်မလဲ။
ကိုကိုကတော့သူ့ကို သစ္စာမဖောက်ဘူးဆိုတာကို ယုံကြည်ပေမယ့် သူ့မိဘဆွေရဲ့စကားကိုမလွန်ဆန်နိုင်ရင် ဘယ်လိုလုပ်မလဲ။ တစ်ယောက်တည်းတွေးရင်းနဲ့ ရင်တွေမောလာရသည်။ ဒါပေမယ့်သူငိုမှာမဟုတ်ဘူး။ အရင်တည်းက အားနည်းချက်တွေအပြည့်ရှိနေတဲ့သူ့အတွက် အားနည်း ချက်တွေနည်းသထက်နည်းလာအောင်ကြိုးစားရမယ်။
အားတိုင်းရှိငိုဖို့ဘဲ စဥ်းစားနေမယ့်အစား ဒီထက်ပိုပြီးရင့်ကျက်လာအောင်ကြိုးစားရမယ်။ အရာရာကိုအားငယ်တတ်တဲ့ အကျင့်စရိုက်ကိုပြင်နိုင်အောင်ကြိုးစားရမယ်။
"ဘာတွေတွေးနေတာလဲ။"
ကိုကို့အသံကိုကြားတော့မှ သူ့ဘေးမှာကိုကိုရောက်နေမှန်းသိရသည်။ အဲ့လောက်ကိုအတွေးတွေများနေတာ။ ကိုကိုကတော့မနက်တုန်းက သူ့မိဘတွေပြောခဲ့တဲ့အကြောင်းတွေနဲ့ပတ်သတ်ပြီး စကားဟတောင်မဟပေ။ သူကိုယ်တိုင်ကြိုးစားပြီးဖြေရှင်းမယ်လို့ စဥ်းစားထားသည့်ပုံ။ ဒီလိုအချိန်မျိုးမှာ သူစိတ်ညစ်အောင်လုပ်မယ့်အစား သူ့ကိုပျော်အောင်လုပ်ပေးရမယ်ဆိုတာကို Taehyung
စဥ်းစားမိသည်။
YOU ARE READING
𝐌𝐈𝐒𝐓𝐘-[ 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ]