Unicode
Taehyung တစ်ယောက်အခန်းတံခါးကို ပိတ်ကာငိုနေမိသည်။ မျက်လုံးထဲမှာလဲ ခုနကအမျိုးသမီးနဲ့ ပျော်ရွှင်နေတဲ့ကိုကိုရဲ့ ပုံရိပ်တွေကိုသာမြင်ယောင်နေမိသည်။ ဘာလို့လဲ။ ကျွန်တော်ဘာအမှားများလုပ်မိလို့လဲ။
အခုလိုသစ္စာဖောက်မှာဆို အစတည်းကချစ်တယ်လို့မပြောခဲ့ပါနဲ့လား။ Taehyung အတွက်အခံရအခက်ဆုံး ကိစ္စက ကိုကိုကသူ့ကိုမြင်ရက်နဲ့အနောက်ကနေတန်းလိုက်မလာဘဲ ဟိုမမကို အသည်းအသန်ရှင်းပြနေတာကိုပင်။
ကျွန်တော်က သစ္စာအဖောက်ခံရတာကို အမုန်းဆုံးဘဲ။ ကိုကိုက သူကိုယ်တိုင်တောင် သစ္စာဖောက်ခံခဲ့ရတာကိုတောင်မှ ကိုယ်ချင်းစာစိတ်မရှိဘူး။ တကယ်လို့နောက်တစ်ယောက်တွေ့နေပြီဆိုရင်လဲ သူ့ကိုလမ်းခွဲခိုင်းပါလား။အခုလိုမျိုး သစ္စာဖောက်ရလား။
တကယ်လို့ကိုကိုသာ ကျွန်တော့်ကိုမချစ်တော့ဘူးလို့ပြောရင် ကျွန်တော်ကနောက်ဆုတ်ပေးမှာပေါ့။ ဘာလို့အခုလို လုပ်ရတာလဲ။
"Taehyung အခန်းထဲမှာမလား။ တံခါးဖွင့်ပေးပါဦး။"
ကျွန်တော်ကသာ တစ်ယောက်တည်း ကမ္ဘာပျက်နေတာကိုကို့ရဲ့လေသံက ပုံမှန်အတိုင်းပဲတည်ငြိမ်နေလိုက်တာ။ ဘာမှမခံစားရဘူးလား။ ဒါမှမဟုတ် ကျွန်တော်က ကိုကိုဘာပြောပြော ငြိမ်ခံနေတတ်လို့ ကျွန်တော့်ကိုအထင်သေးတာလား။
ကိုကိုသာ ကျွန်တော့်ကိုဆက်ချစ်ပေးမယ်ဆိုရင် အခုလိုလုပ်ရပ်မျိုးကို မမြင်ချင်ယောင်ဆောင်ပြီး နေဖို့ကြိုးစားဆိုလဲ ကြိုးစားနိုင်ပါတယ်။ ကျွန်တော့်ကိုဘာမှမပြောဘဲနဲ့ ကိုကို့စိတ်ကြိုက်မကစားပါနဲ့။
တွေးရင်းနဲ့ မျက်ရည်တွေကပိုမိုစီးကျလာသည်။ အခန်းပြင်က Jungkook ကတံခါးဖွင့်ပေးဖို့ ပြောနေတဲ့စကားသံကိုကြားနေပေမယ့် မကြားချင်ယောင်ဆောင်နေလိုက်မိသည်။
သစ္စာအဖောက်ခံရတာလောက် ခံပြင်းဖို့ကောင်းတဲ့ အရာမရှိတာမို့လို့ ဘာမှမပြောဘဲ ဒီအတိုင်းနေချင်မိသည်။ Jungkook အတွက်သူဟာ စိတ်ရှုပ်စရာကောင်းတဲ့လူတစ်ယောက်ဖြစ်နေရင်တောင် အခုအချိန်မှာတော့ သူ့စကားကိုနားမထောင်လို့ စွန့်ပစ်ခံရမယ်ဆိုရင်တောင် စွန့်ပစ်ခံလိုက်မည်။ ဒါကသူ့မှာနောက်ဆုံးရှိနေတဲ့ မာနတစ်ခုပင်။
YOU ARE READING
𝐌𝐈𝐒𝐓𝐘-[ 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ]