Unicode
Taehyung အတွက်ဒီနေ့အလုပ်လုပ်ရတာက ခါတိုင်းနေ့ထက်ပိုပြီး ပျော်ဖို့ကောင်းနေခဲ့တယ်။ မနက်ဖြန်ကျရင်ကျောင်းပိတ်ရက်ရောက်ပြီလေ။ ဒီအတောအတွင်း Jungkook ဆိုတဲ့တစ်ယောက်နဲ့ ဖုန်းပြောဖြစ်ခဲ့သေးတယ်။ စန္ဒယားတီးသင်ဖို့ ကိစ္စနဲ့ သူ့ကိုအလုပ်ပေးဖို့ကိစ္စကိုဆွေးနွေးရင်းနဲ့ပေါ့။
Taehyung အတွက်ပေးတဲ့အလုပ်ကတော့ ကျောင်းပိတ်ရက်ကျရင် စန္ဒယားတီးလာသင်တဲ့အခါ သူ့အိမ်ကိုသန့်ရှင်းရေး လုပ်ပေးရုံဘဲ။ အဲ့အလုပ်အတွက်ရမယ့်လစာက ခါတိုင်းအချိန်ပိုင်း အလုပ်၅ခုစာလောက်ရှိတဲ့အတွက် လုပ်ရတာအရမ်းတန်တယ်။ သင်မယ့် အချိန်ကနော့မနက်ပိုင်းတစ်ချိန်လုံးသင်ပေးမယ်ပြောတယ်။ နေ့တိုင်းမသင်နိုင်တဲ့အတွက် သင်တဲ့အချိန်မှာ အချိန်ကြာကြာသင်မှ အကျိုးရှိမှာတဲ့။
အရ်းနှီးတဲ့လူတစ်ယောက်က အခုလိုကူညီနေတာ နည်းနည်းတော့ထူးဆန်းတယ်လ်ု့တော့ ခံစားရပေမယ့် Jungkook ဆိုတဲ့လူက လူကောင်းဖြစ်မှာပါ။ ပြီးတော့ ကျောင်းမှာ စန္ဒယားတီးသင်တာ နာမည်ကြီးတဲ့ Soobin ကိုတောင်သင်ပေးဘူးတဲ့ ဆရာဆိုတော့ ပိုပြီးသင်ချင်မိတယ်။
Jungkook နဲ့သူနဲ့တွေ့ခဲ့တဲ့အကြိမ်ကနည်းပေမယ့် တွေ့တဲ့အချိန်တုင်းလိုလိုမှာ Jungkook ကသူ့က်ုကူညီပေးခဲ့တယ်လေ။ အဲ့ဒါကြောင့် Jungkook ဆီမှာစန္ဒယားတီးသင်ပြီး အလုပ်လုပ်တာကမမှားဘူးလို့ Taehyung ယူဆမိတယ်။ သူငယ်ငယ်ကတည်းက စန္ဒယားတီးသ်ချင်ခဲ့တဲ့အတွက် ဒီလိုလုပ်ခွင့်ရတာကို အရမးပျော်မိတယ်။
မနက်ဖြန် Jungkook ဆီစပြီးသွားရမယ့် အကြောသ်းကိုတွေးရင်းနဲ့ Taehyung ပြုံးနေမိတယ်။ အဲ့အချိန်
"Taehyung ရေဒီကိုခဏလာပါဦး။"
"ဟုတ်ကဲ့ လာပါပြီ။"
ရုတ်တရက်ဆိုင်ရှင် အဒေါ်ရဲ့ခေါ်သံကိုကြားလိုက်ရတာကြောင့် လုပ်လက်စအလုပ်တွေကိုလက်စသတ်ပြီး သူခေါ်တဲ့နေရာကိုသွာလိုက်တယ်။
ခေါတဲ့နေရာကိုရောက်တော့ တွေ့လိုက်ရတာက ဆိုင်ရှင်နဲ့အတူဘေးနားမှာ ရပ်နေတဲ့ကောင်မလေးတစ်ယောက်။ သေချာကြည့်မိနော့ အဲ့ကောင်မလေးက သူ့ကျောင်းက သူနဲ့အတန်းတူတဲ့ Park Gayeon ဘဲ။
YOU ARE READING
𝐌𝐈𝐒𝐓𝐘-[ 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ]