⚪Misty-18⚪

4.1K 512 19
                                    

Unicode

Taehyung တစ်​ယောက်​ကျောင်း​ပေါက်ဝက​နေ Jungkook  လာကြိုမှာကို​စောင့်​နေမိသည်။ အခုတ​လော Jungkook ကသူ့ကိုဘယ်​နေရာသွားသွားလိုက်ပို့​နေသည်​လေ။

သူနဲ့ပတ်သတ်ရင် အစစအရာရာ ဂရုတစိုက်လုပ်​ပေးတတ်တဲ့ Jungkook ​ကြောင့် Taehyung ​အရမ်း​ပျော်မိသည်။ လာကြိုမယ့်ကိုကို့ကို​စောင့်​နေတုန်း ဖုန်းဝင်လာတာ​ကြောင့် ကြည့်လိုက်​တော့ကိုကို့ဆီက။

Taehyung တစ်ယောက်အချိန်မဆိုင်းဘဲ ဖုန်းကိုင်လိုက်​တော့ တစ်ဖက်က​နေသူ့ကိုဒီ​နေ့ဆိုင်ကိုလိုက်မပ်ု့နိုင်​ကြောင်း​​ပြောလာတဲ့ ကိုကို​ကြောင့် Taehyung နည်းနည်း​တော့ဝမ်းနည်းသွား​ပေမယ့် ဒီကိစ္စ​လေးတော့ ဘာမှမဟုတ်ဘူးလို့ ​ဖြည့်​တွေးကာဆိုင်ကိုလမ်း​လျှောက်သွားဖို့သာဆုံးဖြတ်လိုက်သည်။

ဘာ​တွေ​တောင်အဲ့​လောက်အလုပ်ရှုပ်​နေရတာလဲဆိုပြီး မ​ကျေမနပ်ဖြစ်မိ​ပေမယ့် သူနဲ့ရည်းစားမဖြစ်ချင်တုန်းကဆို တစ်ခါမှ​တောင်လာကြိုတာမဟုတ်ဘူးလို့ ​တွေးပြီးစိတ်​ဖြေလိုက်ရသည်။

ခါတိုင်းဆို ကိုကိုလာမကြိုရင် Gayeon နဲ့အတူဆိုင်ကိုသွား​​နေကြ​ပေမယ့် ဒီ​နေ့​တော့ Gayeon က Daemin နဲ့​လျှောက်လည်မယ်လို့​ပြောထားတာ​ကြောင့် သူတစ်​ယောက်တည်းဖြစ်​နေသည်။

တစ်ခါတစ်ခါကျ စဥ်းစားမိသည်။သူနဲ့ကိုကိုက ချစ်သူ​တွေသာဖြစ်​နေတာ။ တစ်ခါမှလဲသူများချစ်သူ​​တွေလို ကြည်ကြည်နူးနူးမ​နေဖြစ်ဘူး။ တစ်အိမ်တည်းသာ နေ​နေရ​ပေမယ့် တစ်ခါတ​လေ အတူတူရုပ်ရှင်ကြည့်တာ​​လောက်ကလွဲရင် ဘာမှလဲမလုပ်ဖြစ်သလို။

ချစ်သူ​တွေဖြစ်သွား​တော့ ကိုကိုကပိုပြီး​တော့အ​နေအထိုင် ဆင်ခြင်လာသလိုပင်။ ဒါ​ပေမယ့်အဲ့ဒါက သူ့ရဲ့ရိုးသားတဲ့စိတ်ကို ​ပေါ်လွင်​စေတာ​ကြောင့် Taehyung က​တော့ Jungkook ကိုပိုပြီး ​လေးစားပြီးချစ်လာရသည့်အချက်တစ်ချက်ဖြစ်လာသည်။

⚪Misty⚪

နာရီကိုကြည့်ရင်းနဲ့ အလိုမကျဖြစ်​နေသည့် Taehyung။ ခါတိုင်းဆို အိမ်ကို ၈နာရီ​နောက်ဆုံးပြန်လာတတ်သည့် Jungkook ကအခု ၁၀ နာရီ​ကျော်​နေတာ​တောင်ပြန်မလာ​သေးသည့်အတွက် နည်းနည်း​တော့စိတ်ညစ်မိသည်။

𝐌𝐈𝐒𝐓𝐘-[ 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ]Tempat cerita menjadi hidup. Temukan sekarang