Unicode
"Taehyung ထတော့လေ။ "
ပုခုံးကိုလှုပ်ကိုင်ကာ လာနှိုးတဲ့အထိအတွေ့ကြောင့် Taehyung နိုးလာခဲ့သည်။ သူအိပ်ပျော်သွားခဲ့တာဘဲ။ အပြင်ဘက်ကိုလှမ်းကြည့်လိုက်တော့ မှောင်မဲနေကာ သူသိပ်ပြီးရင်းနှီးမှုမရှိတဲ့အိမ်ကြီးတစ်အိမ်ရဲ့ပုံရိပ်ကို မပီဝိုးတဝါးမြင်နေရသည်။ သူဘယ်ရောက်နေတာလဲ။ လက်ကနာရီကိုကြည့်လိုက်မိတော့ မနက် ၂နာရီတောင်ထိုးတော့မည်။ အချိန်ကအဲ့လောက်တောင်ဖြစ်သွားတာလား။
"နိုးလာပြီလား။ ကားပေါ်မှာမအိပ်နဲ့တော့။ အိမ်ထဲသွားရအောင်။"
သူ့ကိုပြုံးပြီးပြောလာတဲ့ ကိုကို။ အခုအချိန်ထိ ဘာတွေဖြစ်နေတယ်ဆိုတာကို Taehyung သေချာနားမလည်နိုင်သေး။
"ကျွန်တော်တို့ဘယ်ရောက်နေတာလဲဟင်။"
"Busan မှာရှိတဲ့ကိုယ့်အိမ်ကို။"
ကြားလိုက်ရတဲ့စကားသံကြောင့် အိပ်ချင်နေတာတွေတောင်ဘယ်ရောက်သွားမှန်းမသိ။ ဘာကိစ္စများဖြစ်လို့ Seoul ကနေ Busan ကိုညတွင်းချင်းကားမောင်းလာရတာလဲ။ သေချာကြည့်မိတော့မှ ကားထဲမှာရှိနေတဲ့အထုပ်အပိုးတွေ။ နားမလည်နိုင်စွာဖြင့် ကိုကိုသွားတဲ့နောက်ကိုသာ ဒီအတိုင်းလေးလိုက်သွားမိသည်။
အခန်းတစ်ခန်းရှေ့ရောက်တော့ Jungkook ကတံခါးဖွင့်ပေးကာ
"ဒီအခန်းမှာကလေး အိပ်လို့ရတယ်။ ညည့်နက်နေပြီမို့လို့ အနားယူလိုက်တော့။ မနက်ကျမှ ကလေးသိချင်နေတာတွေကို ကိုယ်ပြောပြမယ်။ "
"ဟင့်အင်း။ အခုရှင်းပြပေး။ ဘာလို့ဒီကိုရောက်နေရမှန်း မသိဘဲနဲ့ဒီညအိပ်ပျော်မှာမဟုတ်ဘူး။ ကျွန်တော်တို့တွေ ဘာဖြစ်လို့ဒီကိုရောက်နေကြတာလဲ။ "
Taehyung ရဲ့မေးခွန်းကြောင့်သက်ပြင်းချလိုက်မိတဲ့ Jungkook ။ ဘာဖြစ်လို့ရောက်နေတယ်ဆိုတာကို ပြောပြချင်ပေမယ့် ပြောရခက်နေသည်။ ဒါပေမယ့်ပြန်ပြင်လို့မရတဲ့ ကိစ္စတစ်ခုကိုလုပ်ဖို့သူဆုံးဖြတ်ခဲ့ပြီးပြီဘဲ။ အဲ့ကိစ္စမှာတိုက်ရိုက်ပတ်သတ်နေတဲ့ ကာယကံရှင်ကိုသူပြောသင့်သည်မလား။
YOU ARE READING
𝐌𝐈𝐒𝐓𝐘-[ 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ]