unicode
ရှောင်းလျန်လူတွေအများကြီးရောက်လာလို့ဝမ်းသာမိတယ်ပြပွဲကိုလူတွေအများကြီးရောက်လာတာပဲပွဲစင်မြင့်က ၂ထပ်ဖြစ်ပြီးတော့ အလယ်မှာအလှမယ်လေးတွေက လမ်းလျှောက်ပြသပေးမှာဖြစ်တယ်။ အပေါ်ဆုံးအထပ်မှာထိုင်နေတဲ့လူတစ်ယောက်ကြောင့် ရှောင်းလျန်ရဲ့မျက်ခုံးတွေမသိမသာတွန့်ချိုးသွားမိတယ်။ဟားမတ် တောင်ပိုင်းပြည်နယ်နဲ့နယ်နိမိတ်ထိနေတဲ့ ချန်လျောင်းတိုင်းပြည်က မင်းသားတစ်ယောက်။တောင်ပိုင်းပြည်နယ်နဲ့ကူးသန်းရောင်းဝယ်ရေးကိုအဓိကတာဝန်ယူနေတဲ့လူတစ်ယောက်ပဲ သူကအရမ်းဇီဇာကြောင်နိုင်ပြီး တစ်ဖက်သားကိုနှိမ်ချတတ်တယ်။ပြီးတော့ အပြစ်တင်ဝေဖန်ကဲ့ရဲ့တာတွေကိုအမြဲတမ်းလုပ်လေ့ရှိတယ်။ မကြာသေးခင်က ရှောင်းလျန်တို့နဲ့ အနောက်ကုန်သည်တွေကူးသန်းရောင်းဝယ်မှုကိုနှောင့်ယှက်ခဲ့သေးတယ်။ အခုလည်းရောက်လာပြန်ပြီ ပြပွဲကောင်းကောင်းမွန်မွန်ပြီးသွားဖို့မျှော်လင့်ရတာပဲ ။
"ရှောင်းလျန် ဟိုမှာဟားမတ်မဟုတ်လား"
ဖုန်းယောင်က တိုးတိုးလေးကပ်ပြောတယ်။
"ဘာပြသနာရှာဉီးမလဲမသိဘူးနော်"
"မသိဘူး စောင့်ကြည့်ရမယ်"
မကြာခင်ပြပွဲစတင်လာတယ် ။အလှမယ်လေးတွေရဲ့အလှနဲ့ ရှောင်းလျန်ရဲ့ ပြောင်မြောက်တဲ့လက်ရာကို ပေါင်းစပ်ပြသတဲ့ပွဲမှာ အားလုံးကလည်း ဝိုင်းဝန်းအားပေးကြတယ် ။ဝယ်ယူချင်တဲ့သူတွေကလည်း စာရင်းပေးကြနဲ့ နောက်ဆုံးအထူးလက်ရာကိုပြရမယ့်အလှည့်ရောက်လာတယ်။ ရှောင်းလျန်ရဲ့ အထူးလက်ရာက တောင်ပိုင်းပြည်နယ်ရဲ့နှင်းပန်းတွေကို အရောင်သွေးစုံလင်စွာနဲ့ ပေါင်းစပ်ထားပြီး လာမယ့်ဆောင်းရာသီအတွက် ရည်ရွယ်ထားတာဖြစ်တယ်။ဆောင်းရာသီပွဲတော်မှာ ဝတ်ဆင်ဖို့အတွက် သိုးမွှေးအနားကွပ်ထားတဲ့ အပေါ်ထပ်အနီရောင်ကိုအောက်ခံအဖြူပေါ်မှာလှပတဲ့ ဇာမနီငှက်ရုပ်ထိုးထားတဲ့ဝတ်စုံနဲ့တွဲဖက်ထားတာဖြစ်တယ် ။နောင်ဖုန်းယောင်ရဲ့ တောင့်တင်းတဲ့ခန္ဓာကိုယ်ပေါ်မှာ အင်္ကျီကလှပသေသပ်စွာနေရာယူနေတာဖြစ်ပါတယ်။ ပြပွဲကိုလာရောက်တဲ့အမျိုးသမီးတွေအားလုံးရဲ့အကြည့်တွေက နောင်ဖုန်းယောင်ပေါ်မှာသာရောက်ရှိနေကြတာဖြစ်တယ် ။နောင်ဖုန်းယောင်တစ်ချက်ပြုံးလိုက်တဲ့အခါ အားလုံးကမှင်သက်သွားပြီး လေလံတင်ဖို့တောင်မေ့နေကြတယ်။
နောင်ဖုန်းယောင်ကလှည့်ပြုံးလိုက်တဲ့အခါမှာ ဟားမတ်နဲ့အကြည့်ချင်းဆုံသွားမိပြီး ဟားမတ်ရင်ထဲတမျိုးဖြစ်သွားမိတယ် ။
ပြီးတော့ သူ့ရဲ့ရှဲကုလ်ကလည်း လှုပ်ရှားလာတာကြောင့် အကြည့်လွှဲလိုက်သည်။ ဘာတွေဖြစ်သွားပါလိမ့်ဟုတွေးပြီးစားပွဲပေါ်တင်ထားတဲ့ လက်ဖက်ရည်ကိုသာကောက်သောက်နေမိတယ်။
"အဟမ်း ဒီဝတ်စုံကို ဝယ်ချင်တဲ့သူတွေလက်ထောင်ပေးပါ"
ရှောင်းလျန်ဉီးကြီးက ငြိမ်သက်နေတဲ့ လူထုကိုလှုပ်နိုးလိုက်တယ်။ အားလုံးက လှုပ်ရှားသွားပြီးအပြိုင်အဆိုင်ဈေးခေါ်ကြတယ် ။ရွှေစ ၂၀၀ကနေစခေါ်လိုက်တာ နောက်ဆုံး ရွှေစ ၂၀၀၀ထိဖြစ်လာခဲ့တယ် ။
"ရွှေဆ၂၀၀၀ထက်ပေးနိုင်တဲ့လူရှိသေးလားမရှိတော့ရင် လေလံပိတ်ပါ့မယ် ၁ ၂ "
အဲအချိန်နောင်ဖုန်းယောင်က ဟားမတ်ကိုကြည့်ပြီး နှုတ်ခမ်းစွန်းလေးကွေးအောင်ပြုံးပြလိုက်တယ်။
"ရွှေစ၃၀၀၀"
ဟားမတ်ကဈေးခေါ်လိုက်တယ်။ ခန်းမတစ်ခုလုံးငြိမ်သက်သွားတယ်ရွှေစ၃၀၀၀ဆိုတာမနည်းတဲ့ပမာဏမဟုတ်ပါလား ။ တောင်ပိုင်းပြည်နယ်မှာအဲလောက်ပမာဏနဲ့ဆိုရင် မြေကွက်ကောင်းကောင်းဝယ်နိုင်တယ်လေ။
"ရွှေစ၃၀၀၀ထက်ပိုပေးနိုင်တဲ့လူရှိသေးလား မရှိတော့ရင် သခင်လေး ဟားမတ်က နိုင်သွားပါပြီ"
"""ဖြောင်းး ဖြောင်းးး"""
လကခုပ်သံတွေဆူညံသွားတယ်။
"သခင်လေး အနောက်ဘက်ကိုကြွပါ "
နောင်ဖုန်းယောင်ရဲ့ မျက်ခုံးတွေကမသိမသာတွန့်ချိုးနေတယ်။
"ရှောင်းလျန် သူကဘာလို့ဝယ်တာလဲ ဆောင်းရာသီပွဲတော်ကို တက်ဖို့တော့မဟုတ်လောက်ဘူး မဟုတ်လား "
"ငါလည်းမသိဘူးလေ"
ဟားမတ်ရောက်လာပြီး
"ဝတ်စုံလေးကကြည့်လို့ကောင်းသားပဲ ဝတ်ရတာကောင်းမယ့်ပုံပဲ ကြိုက်တယ်"
နောက်ဆုံးကြိုက်တယ်ဆိုတာကို နားအနားကပ်ပြောလိုက်တာမို့နောင်ဖုန်းရဲ့ရှဲကုလ်လည်း အလားတူပဲလှုပ်ရှားသွားခဲ့တယ်။
"သခင်လေးခဏစောင့်ပေးပါ ကျွန်တော်တို့ချွတ်ပေးပါ့မယ်"
ဟားမတ်က နောင်ဖုန်းရဲ့ခန္ဓာကိုယ့်အနှံ့ကြည့်နေပြီး
"သခင်လေးရှောင်ဖုန်းက လူအရွေးတော်တာပဲ ဘက်စုံသုံးလို့ရတဲ့လူကိုရထားတာပဲ "
"မြှောက်ပြောနေပြန်ပါပြီ သခင်လေးဟားမတ်ရယ် အဲလောက်လည်းမဟုတ်ရပါဘူး"
"ကျွန်တော်က ငွေစအများကြီးပေးထားရတာ အပိုလက်ဆောင်လေး မပေးသင့်ဘူးလား"
"ဘာများပါလိမ့်"
"နောင်ဖုန်းယောင်ကို လက်ဆောင်အဖြစ်ပေါ့"
"သခင်လေးဟားမတ်!"
"ကျုပ်ကနောက်တာပါဗျာ သခင်လေးရှောင်းလျန်က တကယ်အရည်ချင်းရှိတာပဲ လက်ရာတွေက တကယ်ကောင်းမွန်ပါတယ် နောင်ဖုန်းယောင်နဲ့ ဝတ်ဆင်ပြတဲ့ အဝတ်တွေကို တကယ်ကြိုက်တယ်"
ဆိုပြီးနောက်ဆုံးကြိုက်တယ်ဆိုတာကို နားအနားကိုကပ်ပြောပြီးထွက်သွားတယ်။
"ဒီဟားမတ်ကတော့ "
နောင်ဖုန်းတယောက်ထဲဒေါသထွက်ပြီးကျန်ခဲ့တယ် ရှောင်းလျန်ကတော့သူတို့ကိုကြည့်ပြီးရယ်နေမိတယ်
"နောင်ဖုန်းယောင်ရေ ဟားမတ်ကတော့မကြာခင် ကြင်ယာတော်ရှာတော့မယ်နဲ့တူတယ်"
""""ရှောင်းလျန်!!!!!!!""""
""""ဟားးး ဟားးး""
ရှောင်းလျန်လည်းသဘောကျစွာရယ်နေမိတယ်
"သခင်လေးရှောင်းလျန် တောင်ပိုင်းအရှင်က ဆင့်ခေါ်ထားပါတယ်""
YOU ARE READING
သူဖန်တီးသော ကျွန်တော့်လက်ရာ
RomanceName - သူဖန်တီးသော ကျွန်တော့်လက်ရာ Main characters - လီပိုင်ဟွေ့ ၊ ရှောင်းလျန်ရှာ Type - historical , magical bromance and romance Version - Both Unicode and Zawgyi Version Description - အေးချမ်းသာယာစည်ပင်လှသော ချီရှန်းပြည်တွင...