part 3 ချီရှန်းတိုင်းပြည်မှ အိမ်ရှေ့စံ လီပိုင်ဟွေ့

1.2K 114 3
                                    

Unicode version

     "ချွင် "     "ချွမ် "      "ချွင်"
ဗဟိုမြို့တော်ရဲ့ဓားရေးလေ့ကျင့်ကွင်းမှ လီမင်းဆက်ရဲ့ မင်းသားတွေဖြစ်တဲ့ လီပိုင်ဟွေ့နဲ့ လီရန်ရှောင်းတို့ဓားရေးလေ့ကျင့်သံတွေဟာ မနက်ခင်းတိုင်းကြားနေကြဖြစ်တယ်။ လီပိုင်ဟွေ့ဟာ    ချီရှန်းနိုင်ငံရဲ့ အိမ်ရှေ့မင်းသားဖြစ်ပြီး  လီရန်ရှောင်းကတော့ စစ်မှုရေးရာဝန်ကြီးတစ်ယောက်ဖြစ်တယ် ။မင်းသား၂ပါးလုံးက ငယ်ရွယ်ပေမဲ့ ရဲစွမ်းသတ္တိနဲ့  အမြော်အမြင်ရှိကြတယ် ။လီပိုင်ဟွေ့က ၁၆နှစ်အရွယ်ကပင် အိမ်ရှေ့ရာထူးကိုဆက်ခံပြီး  ၁၈နှစ်အရွယ်မှာ တိုင်းပြည်ရေးရာတွေကို စီစဥ်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ချီရှန်းပြည်နယ်မှာ အရှေ့ ၊အနောက်၊ တောင်ပိုင်းပြည်နယ်ကလက်အောက်ခံဖြစ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးထားတယ်။မြောက်ပိုင်းပြည်နယ်က သီးခြားအုပ်ချုပ်ခွင့်တောင်းခံခဲ့ပြီး လက်အောက်ခံပြည်နယ်အဖြစ်နေထိုင်ဖို့ငြင်းဆန်ထားတယ်။မြောက်ပိုင်းသားတွေက လက်အောက်ခံအဖြစ်ငြင်းဆန်ထားပေမဲ့ သံတမန်ချစ်ကြည်ရေးရှိတာမို့တစ်ခါတလေ အရေးကိစ္စတွေကို ကူညီရတာရှိတယ်။
"အိမ်ရှေ့စံမင်းသားနဲ့ မင်းသားငယ်ကို မင်းကြီးက အခေါ်လွှတ်နေပါတယ် "

"အစ်ကိုတော်အရင်သွားနှင့်ပါ   ညီတော်နောက်မှလိုက်လာခဲ့မယ်"
"အင်း"
လီပိုင်ဟွေ့ ရေချိုးသန့်စင်ပြီး ခမည်းတော်ဆီကို သွားလိုက်တယ်။ခမည်းတော်ဟာ ပြည်သူနဲ့ သားတော်တွေကို ညီမျှစွာချစ်တဲ့သူဖြစ်တယ် ။ လီဟွေ့ကို ငယ်စဥ်ထဲက မင်းသားတွေတတ်သင့်တတ်ထိုက်တွေကို ကိုယ်တိုင်သင်ပြခဲ့တယ်။အိမ်ရှေ့စံဖြစ်လာပြီးနောက်မှာလည်းတိုင်းပြည်ရေးရာနိုင်ငံတော် ကိစ္စတွေကိုလီဟွေ့ သဘောကျဆုံးဖြတ်စေပြီး အကြံဉာဏ်ပေးတွေပေးခဲ့တယ်။
"သားတော်ရောက်ပါပြီ ခမည်းတော် "
"အိမ်းးး  ဝင်လာခဲ့"
"မယ်တော်ပါရောက်နေတာကိုးး"
"ပြောစရာလေးရှိလို့ပါသားတော်"
မယ်တော်က သားတော်၂ယောက်အရွယ်ရောက်လာတဲ့အချိန်ကစပြီး တရားအားထုတ်ပြီး  နေထိုင်နေတဲ့သူဖြစ်တယ်။
"ညီတော်ရော  သားတော်"
"ရောက်လာပါလိမ့်မယ်  အခုအဆောင်​ောတ်ကို ခဏပြန်သွားတာပါ"
"သားတော်ရောက်လာပါပြီ"

သူဖန်တီးသော ကျွန်တော့်လက်ရာNơi câu chuyện tồn tại. Hãy khám phá bây giờ