part 22အနက်ရောင်ဂူတွင် ကိုယ်စောင့်ဝိဉာဥ်၁၂ယောက်နဲ့တွေ့ဆုံခြင်း

391 41 2
                                    

   မနက်ရောက်တော့ ရှောင်းလျန်က လီဟွေ့ကို ရှန်းရှန်းတို့နဲ့ အတူတူလိုက်ပို့ပေးတယ်။

"တောင်ပေါ်မှာ ဂရုစိုက်နော် "

"အင်းပါ သေချာသွားဦး ပြန်လာမယ့်နေ့ဆို လာခေါ်မယ်"

"ချစ်တယ်နော် ကိုယ့်ရဲ့လျန်ရှင်းလေး"

"အင်း ပိုင်ဟွေ့ကိုလည်း ချစ်တယ်"

   လီဟွေ့ ရှောင်းလျန်ပါးကို နမ်းပြီးတော့ မြင်းစီးပြီး ထွက်သွားတယ်။ရှောင်းလျန်က ရှန်းရှန်းကျောပေါ်တက်ထိုင်လိုက်တယ်။

"တောင်ပေါ်ပြန်တက်ရအောင်"

    ရှန်းရှန်းတို့နဲ့တူတူပြန်နေလာနေတုန်း လမ်းတစ်ဝက်ရောက်တော့ မီးခိုးငွေ့တွေလို မြူခိုးတွေ တက်လာပြီ ရှောင်းလျန်လည်း သတိမေ့သွားတယ်။ရှောင်းလျန်နိုးလာတော့ ကျောက်ဂူတစ်ခုထဲရောက်နေတယ်။ နှင်းရေစက်တွေက ခေါင်မိုးကနေ တစ်စက်ချင်းကျနေတာမို့ ဂူအောက်ကြမ်းပြင်က စိုစွတ်နေတယ်။အခုရောက်နေတဲ့ နေရာက ဂူအတွင်းပိုင်းကျကျမို့ မှောင်မည်းပြီးအေးစက်နေတယ်။ဒါပေမဲ့ ဂူနံရံက ကျောက်တွေက အရောင်တောက်နေတာမို့ မြင်နိုင်လောက်ပါတယ်။ရှောင်းလျန်လည်း အန်းဂျင်းကို အရောင်ထွက်အောင်လုပ်လိုက်တယ်။ဂူနံရံမှာ စာသားတွေရှိနေပြီ ရှောင်းလျန်နားမလည်နိုင်လောက်တဲ့ဘာသာတွေနဲ့ ရေးထားတယ်။ရှောင်းလျန်လည်း အနောက်ကခြေသံကြားလို့ အန်းဂျင်းကို ဝှေ့ရမ်းပြီး အနောက်ကလူကို ဓားနဲ့ ထောက်ထားလိုက်တယ်။

"ဘယ်သူလဲ "

"သခင်လေး ရှောင်းလျန် ကျွန်တော်တို့ပါ ရှန်းရှန်းနဲ့ မျမ်မျမ်လေ "

"အော်"

     ရှန်းရှန်းက အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး မျမ်မျမ်က တော့ အနီရောင်ဝတ်ရုံနဲ့အသက် ၁၆နှစ်အရွယ်လောက် ဖြစ်နေကြတယ်။

"မင်းတို့က အရင်ထဲက လူပုံစံပြောင်းလို့ရတာလား"

"မဟုတ်ပါဘူး သခင်လေးကြောင့်ပါ သခင်လေးက ကျင့်စဥ်မြင့်လာတာနဲ့အမျှ ကျွန်တော်တို့လည်း စွမ်းအားတိုးလာတာပါ"

သူဖန်တီးသော ကျွန်တော့်လက်ရာWhere stories live. Discover now