part 6 တောင်ပိုင်းသခင်လေးနဲ့ အိမ်ရှေ့စံတို့တွေ့ဆုံခြင်း

785 95 0
                                    

Unicode version

ခေတ္တခဏ ကြာတဲ့အထိဘာမှနာကျင်မှုမရှိတာမို့ လီဟွေ့ မျက်လုံးဖွင့်လိုက်တယ်။

"အစ်ကိုတော် ကျွန်တော်တို့ဘာမှ မဖြစ်ဘူး ဟိုသခင်လေးက တော်တော်အကျင့်မကောင်းတာပဲ"

"ရေသွားချိုးတော့"

လီဟွေ့က ဓားကိုင်ပြီးထွက်သွားတယ်။

"အစ်ကိုတော်စောင့်ဦးလေ"

"ဖုန်းယောင်ရေ ဖုန်းယောင်"

အလောတကြီးပြေးလာတဲ့ ရှောင်းလျန်ကြောင့်

"ဘာဖြစ်လာတာလဲ "

"ဖုန်းယောင် တောင်ပေါ်သွားရအောင် "

"အင်း"

"အင်းလုပ်မနေနဲ့ အခုသွားမယ်"

လက်ကို အတင်းဆွဲနေတဲ့ရှောင်းလျန်ကြောင့်
"ဘာဖြစ်လာတာလဲ ပန်းတွေရော"

"အပေါ်ရောက်ရင်ပြောပြမယ် လာပါဒီနေရာက အရင်သွားရအောင်"

"လှေကားနဲ့ တက်မှာလား "

"ဟင်"

"ရှန်းရှန်းတို့နဲ့ မသွားဘဲ လှေကားနဲ့ တက်မှာလားလို့"

"ဟုတ်သားပဲ ရှန်းရှန်းတို့ကို ခဏစောင့်ရအောင်"

ခဏကြာတော့ရောက်လာပါပြီ။၂ကောင်လုံး။ရှောင်းလျန်က အနားသွားကပ်ပြီး

"ဘာမှမဖြစ်ခဲ့ဘူး မဟုတ်လား"

ရှန်းရှန်းကို လက်ကို လာပွတ်တာမို့

"အင်း ဒါဆိုသွားရအောင်"

ရှန်းရှန်းအပေါ်ကိုတက်ပြီး တောင်ပေါ်ကိုလိုက်ရတာတကယ်ပျော်စရာကောင်းတယ်။အဝင်ဝရောက်ပြီမို့ ရှောင်းလျန်ဆင်းလိုက်တယ်။ ဝတ်ရုံကို အနည်းငယ်ပြင်လိုက်ပြီး ဆံပင်ကို အနည်းငယ်သပ်လိုက်တယ်။တောင်ပိုင်းသခင်လေးဆိုတော့ သေသပ်နေရမယ်မဟုတ်ပါလား။ကောင်းဆောင်ထဲဝင်လိုက်ပြီး

"ဆရာတို့ နေကောင်းပါရဲ့လား "

နှုတ်ခွန်းဆက်သလိုက်တယ်"

"တောင်ပိုင်းသခင်လေးပါလား လာထိုင် တောင်ပိုင်းအရှင်ရဲ့ မေတ္တာပို့သမှုကြောင့်အားလုံးကျန်းမာပါတယ်"

သူဖန်တီးသော ကျွန်တော့်လက်ရာWo Geschichten leben. Entdecke jetzt