part 27 သူတော်စင် 7 ပါး

309 26 0
                                    


တောင်ပိုင်းအရှင်ရွေးချယ်ပွဲအတွက် လူတွေကို ရွေးချယ်ပြီးတော့ စာရင်းထုတ်ပြန်ထားတယ်။ တစ်ချိုးတွေကတော့ သတ်မှတ်ချက်နဲ့မညီလို့ ကျင့်စဥ်မမြင့်သေးလို့နဲ့ အကြောင်းအရာအမျိုးမျိုးကြောင့် ပယ်ချခံရတယ်။ နောက်ဆုံးတော့ လူ ၁၀၀သာ ကျန်ခဲ့တယ်။ ပထမအဆင့်ကို ပြိုင်ဖို့အတွက် အားလုံးက မြို့တော်တရားစီရင်ရေး ညီလာခံမှာ ဖြေဆိုရမယ်။ ပညာရှိ သူတော်စင်၇ ပါး ထဲက ၄ ပါးက စစ်ဆေးပေးမယ့်အထဲမှာပါတယ်။သူတော်စင် ၇ ပါးကတော့

၁။ ပိုင်ကျင်းလီဟုန်

၂။ကျောက်လျိုဖိန့်အာ

၃။ယိလင်ရွှယ်ဟန်

၄။ရှောင်ရိလန်ဟွာ

၅။လျိုကျောက်ဟွမ်

၆။ရိယွင်စန်းယွဲ့

၇။နွဲ့မင်ထျန်းလျဲ့

တို့ဖြစ်ကြတယ်။ အဲထဲက ပိုင်ကျင်းလီဟုန်၊ ကျောက်လျိုဖိန့်အာ၊ ရှောင်ရိလန်ဟွာ၊ နွဲ့မင်ထျန်းလျဲ့တို့ ၄ယောက်က ရွေးချယ်ပေးမယ့်သူတွေဖြစ်တယ်။ ပထမဆုံးအနေနဲ့ သူတို့ ၄ယောက်ရဲ့ ထင်ရှားတဲ့ အဆိုပြုအမိန့်တွေကို ​သိထားရမယ်။

🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸

🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸

Ups! Gambar ini tidak mengikuti Pedoman Konten kami. Untuk melanjutkan publikasi, hapuslah gambar ini atau unggah gambar lain.

ပိုင်ကျင်းလီဟုန်

ရေခဲပြင်အရှင်နဲ့ နှင်းမင်းသမီးတို့ဆီကမွေးဖွားသန့်စင်ခဲ့သူဖြစ်ပြီး သတ္တဝါအပေါင်းတို့ရဲ့ ချစ်ခြင်းမေတ္တာကို သိမ်းပိုက်နိုင်ခဲ့သူ။ သူရဲ့ စကားတစ်ခွန်းက နှလုံးသားကို နူးညံ့ပျော့ပျောင်းအောင် လုပ်နိုင်စွမ်းရှိတယ်။ သူရဲ့ အဆိုပြုအမိန့်ကတော့

၁။အမုန်းနောင်တနည်းနည်းနဲ့အတိတ်ကိုထားခဲ့
ပါ။
ဖြုန်းတီးမှုနည်းနည်းနဲ့ပစ္စုပ္ပန်မှာနေထိုင်ပါ။
အိမ်မက်များများနဲ့အနာဂတ်ကိုကြိုဆိုပါ။

သူဖန်တီးသော ကျွန်တော့်လက်ရာTempat cerita menjadi hidup. Temukan sekarang