part 16 ထိုက်စန်းတောင်သို့ သွားရန်ပြင်ဆင်ခြင်း

463 57 2
                                    

Unicode version

    ဟားမတ်နဲ့ ဖုန်းယောင်တို့အဆင်ပြေပြီးထဲက ဟားမတ်က ချန်းလျောင်းကို တစ်လကြာမှတစ်ခါပြန်ပြီး ဖုန်းယောင်နဲ့အမြဲအတူရှိနေတယ်။ပြီးတော့ ဖုန်းယောင်ဆိုသည်မှာလည်း ရှောင်းလျန်ကိုယ်ရံတော်လား ဟားမတ်ကိုယ်ရံတော်လားမသဲကွဲတော့။အခုလည်း ထမင်းစားနေတာတောင် အဖြစ်သည်းနေတဲ့ ၂ယောက်ကြောင့် ရှောင်းလျန်ထထွက်လာမိတယ်။
"ရှောင်းလျန် ဘယ်သွားမို့လဲ"

"ရှန်းရှန်းတို့ဆီကိုသွားမို့"

"လိုက်ခဲ့မယ်"

ဟားမတ်လည်း

"လိုက်ခဲ့မယ်လေ"

"ရပါတယ် တော်ပါပြီ တစ်ယောက်ထဲပဲသွားတော့မယ်ပြီးတော့ ပန်းပဲဖိုကိုသွားရဦးမယ် တောင်ပိုင်းအရှင်နေရာအတွက်စာရင်းသွားပေးရင်း မင်းရောပေးပြီးပြီလား"

"ညနေကျရင် သွားဖို့"

"အင်း ငါသွားပြီ"

     သူတို့၂ယောက်ကိုခေါ်လို့မဖြစ်။အရင်တစ်ခါထဲက ရှောင်းလျန် သိသွားပြီလေ။ချုံးချန်းဆိပ်ကမ်းမှာ အထည်ရောင်းဝယ်ရေးအတွက်ကုန်သည်တွေနဲ့သွားသည့်အချိန်တုန်း ပွေ့မချီရုံတစ်မယ်ဖြစ်နေတဲ့ သူတို့ကိုကြည့်​ပြီး ရှောင်းလျန်လဲသေချင်စိတ်တောင်ပေါက်တယ်။။အခုသူတို့ပါလိုက်ရင် ထျန်းဇီတောင်မှာ တစ်ခါတည်း တရားရှာရမယ့်ပုံပဲ။ရှောင်းလျန် တောင်ပိုင်းအရှင်နေရာအတွက် စာရင်းပေးပြီး ပန်းပဲဖိုဆီကိုထွက်လာခဲ့သည်။​ေရှာင်းလျန်က ဝန်ကြီးအဆင့်မို့ တော်ဝင်ဓားလုပ်ပိုင်ခွင့်ရသည်။

"သခင်လေးရှောင်း ပါလား ကြွပါ ပြုလုပ်လိုတဲ့ပုံစံကိုပြောပါ"

ရှောင်းလျန်က ဓားကိုသူ့အမေရဲ့အကြိုက်ဆုံးငှက်ဖြစ်တဲ့ ဇာမဏီငှက်ကို ရှန်းဟွာပန်းနဲ့ပေါင်းပြီးလုပ်ခိုင်းတယ်။တံဆိပ်ကိုလည်း သူ့အမေရဲ့တံဆိပ်ကိုပဲသုံးတယ်။

"သခင်လေးရှောင်း ဒီတံဆိပ်ကိုထည့်မှာသေချာပါရဲ့လား"

"အင်း ဘာဖြစ်လို့ပါလဲ"

"သေချာအောင်မေးတာပါ ပြသနာမရှိပါဘူး"

"အင်း"

သူဖန်တီးသော ကျွန်တော့်လက်ရာWhere stories live. Discover now