PART 26 ဆုဟွားပန်း{宿花နှစ်ရှည်ပန်း}ကို ဖန်တီးခြင်း

320 37 0
                                    

part 26
ဆောင်းရာသီပြီးဆုံးချိန်ရောက်လို့ တောင်ပေါ်မှာ ပန်းတွေတောင် ပွင့်နေပြီ။ နွေဦးရနဲ့လေးသင်းပျံ့နေတဲ့ ဆာကူရာ ပန်းပွင့်လေးကို တယုတယ နမ်းရှိုက်လိုက်တယ်။ လေအဟုန်နဲ့ လွင့်ပျံ့လာတဲ့ မက်မွန်ပွင့်ချပ်လေးကို ဖမ်းဆုပ်လိုက်တယ်။ လန်းဆန်းတဲ့ လေပြေ ထဲမှာ မွှေးပျံတဲ့ ပန်းရနံ့လေးတွေက ရောယှက်ပါဝင်နေတယ်။
"အချိန်ရောက်လာပြီ "
"စောင့်မျှော်နေခဲ့ရတာ အခုချိန်ကို နှစ်ပေါင်းများစွာကြာနေပြီပဲ"
ပြီးတော့ လူ၂ယောက်က ပျောက်ကွယ်သွားတယ်။

ရှောင်းလျန် မက်မွန်ပင်ကိုင်းပေါ်မှာ ထိုင်ရင်း မက်မွန်သစ္စာလေးကို အရသာခံနေတယ်။ ပြီးတော့ နောက်လက်တစ်ဖက်နဲ့ မက်မွန်ပွင့်ချပ်လေးတွေနဲ့ သိုင်းလေ့ကျင့်နေတယ်။ ဓားပုံစံ လုပ်လိုက် ကြာပွတ်ပုံစံပြောင်းလိုက် နဲ့ ဓားသုံးရတာထက်ပင်လွယ်သေးတယ်။ နောက်တစ်ခုက ဆုဟွားပန်း{宿花Sù huāနှစ်ရှည်ပန်း}ကို သူဖန်တီးလို့ရသွားပြီ ။ လီဟွေ့က အဆောင်မှာသေရည်မသောက်နဲ့လို့ပြောထားလို့ အခုသစ်ပင်ပေါ်မှာ သောက်ဖို့ ထွက်လာခဲ့တယ်။ သူ သေရည်သောက်ချင်တိုင်း သစ်ပင်တွေဆီကိုသာ လာခဲ့တယ်။ပြီးတော့ သူ့ရဲ့ အိမ်မက်တွေအကြောင်းကို တွေးလိုက် ကျမ်းစာအုပ်ထဲက တိုက်ခိုက်ထိန်းချုပ်နည်းတွေကို သင်ယူလိုက်ပါဘဲ။ လီဟွေ့ကတော့ သူရဲ့ ကျင့်စဥ်တွေပြောင်းလဲနေတာကို သတိထားမိပုံမရဘူး။ တောင်ပိုင်းအရှင် ရွေးချယ်ပွဲပြီးရင် လီဟွေ့လည်း ပြန်ရမယ်။ သူလည်း သူ့တာဝန်တွေကို ဆက်ထမ်းဆောင်ရမယ်။
"လျန်ရှင်းရေ လျန်ရှင်း"
"ဒီအပေါ်မှာ ဖမ်းလိုက်"
သစ်ပင်ပေါ်ကနေ ခန္ဓာကိုယ်ကို လွှတ်ချလိုက်တာမို့ လီဟွေ့အမြန်လိုက်တယ်။
"ယေးး ပိုင်ဟွေ့ အတော်ဆုံး "
"ပြုတ်ကျသွားရင် ဘယ်လိုလုပ်မလဲ"
"ပိုင်ဟွေ့အကြောင်းသိပြီးသား မိမယ်ဆိုတာလည်းသိတယ်"
"အင်း လျန်ရှန်းကိုယ်တို့ပြန်ရတော့မယ်နော်"
လီဟွေ့က ပန်းတွေ ဝေဝေဆာဆာပွင့်နေတဲ့ တောင်ကြောတစ်လျှောက်ကို ငေးကြည့်ရင်း ပြောလိုက်တယ်။
"ကိုယ်လည်း မြို့တော်ကိုပြန်ရတော့မယ်"
"အင်း လျန်ရှင်းရဲ့ ခင်ပွန်းက တိုင်းပြည်ဧကရာဇ်လုပ်ရဦးလေ ပြန်ရမှာပေါ့ ပြည်သူတွေကလည်း အရှင်အသစ်ကို စောင့်မျှော်နေလောက်ပြီ"
"ကိုယ်တို့လက်ထပ်ရအောင် ကိုယ့်ရဲ့မိဖုရားဖြစ်ပေးပါလား"
"နွေဦးရဲ့ ပန်းပွင့်လေးတွေပွင့်လာတဲ့မြင်ကွင်းကို တောင်ပေါ်က ကြည့်ရင် အရမ်းလှတယ်။အေးချမ်းလှတဲ့ ဆောင်းရာသီပြီးတဲ့အခါ လှပတဲ့နွေဦးကို ကြိုဆိုဖို့ တောင်ပေါ်က စောင့်နေပါ့မယ်"
"အခုပြန်ကြရအောင် "
"အင်း ထာဝရထက်တစ်ရက်ပိုပါစေ"
ရှောင်းလျန် လီဟွေ့ရဲ့လည်တိုင်ကို ဖက်ပြီး နှုတ်ခမ်းကို ဖိနမ်းလိုက်တယ်။
"ကိုယ်ရောက်အောင်လာခဲ့မယ်"
မက်မွန်ပန်းပွင့်လေးတွေ ကြွေကျနေတဲ့လမ်းပေါ်မှာ တိုင်းပြည်အိမ်ရှေ့စံက ချစ်ရတဲ့ တောင်ပိုင်းသခင်လေးကို တယုတယပွေ့ချီသွားတဲ့ မြင်ကွင်းက နွေဦးရဲ့ အလှဆုံးပန်းချီကားတစ်ချပ်ပါပဲ။ အိမ်ရှေ့စံက ချစ်ရသူကို နမ်းရှုပ်လိုက်တဲ့အခါ ဘေးနားက ပန်းလေးတွေတောင် ရှုက်သွေးဖြာသွားခဲ့ရတယ်။ အမြင့်မြတ်ဆုံးလူသား၂ဦးရဲ့ အချစ်စစ်မေတ္တာက အဖြူစင်ဆုံးဖြစ်နေပါစေ။နွေဦးအစ ပန်းတွေပွင့်နေတာကို တောင်ပေါ်က ကြည့်ရင် အရမ်းလှမှာပဲ။

သူဖန်တီးသော ကျွန်တော့်လက်ရာUnde poveștirile trăiesc. Descoperă acum