part 30 လွမ်ဝေချူ ကဘယ်သူလဲ

288 30 1
                                    

မနက်လင်းတော့ လီဟွေ့က လက်ထောက်ပြီး ရှောင်းလျန်ကိုကြည့်နေလေရဲ့။

"မနိုးသေးဘူးလား လျန်ရှင်း"

ရှောင်းလျန်ရဲ့ ဆံပင်ရှည်တွေကို ဆော့ကစားရင်း နိုးလိုက်တယ်။
ပြိုင်ပွဲရှိသေးတယ်လေ။
ရှောင်းလျန်ကတော့ ဟိုဖက်ကို တောင်လှည့်သွားသေးတယ်။

"လျန်ရှင်း ထတော့လေ နောက်ကျနေဦးမယ်"

ရှောင်းလျန် အခုမှ သတိရတယ်။
ပြိုင်ပွဲရှိတာပဲ။
ငေါက်ခနဲ့ ထထိုင်မိတော့ ခါးက ဆတ်ခနဲနာသွားတယ်။

"ဖြေးဖြေးထဦး ရေချိုးဖို့ အဆင်သင့်ဖြစ်နေပြီ အင်္ကျီတွေ ပြင်ထားပေးတယ် ဆေးလည်း ကိုယ်လုပ်ပေးထားတယ်"

"အိမ်တော်ပြန်ရောက်မှ ချိုးတော့မယ် ပြန်ပြီ"

"ဒီပုံစံနဲ့လား"

ရှောင်းလျန် အခုမှ ပြန်ကြည့်မိတယ်။
လာတုန်းကဝတ်ထားတဲ့ အင်္ကျီက လီဟွေ့အကုန်ဖြဲလိုက်ပြီ။
အကောင်းဆိုလို့ အပေါ်ဝတ်ရုံတစ်ခုပဲကျန်တယ်။
ဆံပင်တွေကလည်း ရှုပ်ပွနေတယ်။
အဲတာတောင် လီဟွေ့က ဆော့နေသေးတယ်။

"မကိုင်နဲ့ ဆံပင်ကို ဆံပင်စည်းကြိုးရော ဘယ်ရောက်သွားလဲ"

"လျန်ရှင်း လက်မှာလေ ညတုန်းက ချည်ထားတယ်လေ"

လီဟွေ့သွားအကုန်ပေါ်အောင် ပြုံးပြလိုက်တယ် ။

"ရေသွားချိုးတော့ အခု ပြိုင်ပွဲကို သွားရမယ် ဒါနဲ့ လျန်ရှင်း ယုန်သားစားလို့ကောင်းတယ်နော်"

"နောက်တစ်ခါဆို ယုန်လေးက မုဆိုးနောက်ကို လိုက်သွားမယ်တဲ့"

"ဟုတ်လား အဲအခါကျရင် ကိုယ်က မုဆိုးပေါ့ ယုန်ကို အရေခွါပြီး စားမှာ"

"ပိုင်ဟွေ့!!!!!"

ရှောင်းလျန်တစ်ယောက်သာ ဒေါသထွက်ရင်းကျန်ခဲ့တယ်။အကျင့်မကောင်းတဲ့ မင်းသားပဲ။ပေါက်ကရပုံပြင်တွေ ပြောတယ်။ရှောင်းလျန် လီဟွေ့ပေးထားတဲ့ ဆေးသောက်ပြီး အဝတ်လဲလိုက်တယ်။ မနက်စာစားပြီး ပြိုင်ပွဲဆီကိုသာ ထွက်လာခဲ့တယ်။ အန်းဂျင်းကို ကိုင်ပြီး နေရာကျတဲ့နေရာမှ ဝင်ထိုင်လိုက်တယ်။
ဖုန်းယောင်က သူ့အရှေ့က ၃ ခုံမြောက်။သူ့ကို မြင်တော့ လှမ်းနှုတ်ဆက်တယ်။ ရှောင်းလျန် ထိုင်နေရင်းနဲ့ ရုတ်တရက် မကောင်းတဲ့ အငွေ့အသက်ရလာလို့ ပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်လိုက်တယ်။ ဘေးနားကို ဝေ့ဝိုက်ကြည့်မိတော့လည်း ထွေထွေထူးထူးမတွေ့ရ။ပလ္လင်ပေါ်မှာ ထိုင်နေတဲ့ လီဟွေ့က လှမ်းပြုံးပြတယ်။ရှောင်းလျန် တိုင်းပြည်သမိုင်းတွေအကြောင်းဖြေနေရင်းနဲ့ စာလုံးတွေကပြောင်းသွားတာကြောင့်ဘေးကို ကြည့်မိတော့  ညီတော် ၂ ။

သူဖန်တီးသော ကျွန်တော့်လက်ရာTahanan ng mga kuwento. Tumuklas ngayon