လီဟွေ့ နန်းတော် ပြန်ရောက်တာနဲ့ နန်းတက်ပွဲကို အလျင်အမြန် ကျင်းပဖို့ လုပ်တယ်။ဘာလို့ဆို တိုင်းပြည် ဥပဒေကို ဧကရာဇ်ကသာ ပြင်နိုင်တာကြောင့်ပဲ။လျန်ရှင်းရေ ခနပဲ ပုန်းနေပါ။ကိုယ် မင်းကို ကာကွယ်ပေးမယ်။
လီဟွေ့ ရှောင်းလျန်ကို လူချင်းမတွေ့နိုင်ပေမဲ့ စိတ်ဝိဥာဥ်ကို ခေါ်လို့ရသေးတယ်။တော်သေးတာပေါ့။
လီဟွေ့ သူ့ဝတ်ရုံထဲက တံဆိပ်ပြားလေးကို ထုတ်လိုက်တယ်။ရှောင်းလျန်နဲ့ သူ ပထမဆုံးတူတူ သွားခဲ့တဲ့ ညဈေးကိုတောင် သတိရသေးတယ်။
{{part 9မှာ ပေးခဲ့တာပါနော် ရှောင်းလျန်က အဲဒီတံဆိပ်ပြားက ပိုင်ရှင်ဆီကို လမ်းပြတယ်ဆိုပြီးတော့လေ }}
သူ့ရဲ့ လူဆိုးလေးက သူစိတ်ပူအောင် အရမ်းလုပ်တာ။ကူးခန်း သေမင်းတမန် သင်္ချိုင်းကို သွားတဲ့ နေ့တုန်းကဆို သူသေမလောက် စိတ်ပူခဲ့ရတယ်။
တော်သေးတယ် ပြောရမယ်။သူနဲ့ ရှောင်းလျန်ရဲ ယင်နဲ့ယန်က ပေါင်းထားလို့။အဲအချိန်တုန်းက သူသာ အတွင်းအား မလွှဲပေးဘူးဆိုရင် ရှောင်းလျန်က မတွေးရဲ စရာဘဲ။အဲအတွက် သူ့ရဲ့ ကျင်ကြံခြင်း ၇ ဆင့်လောက်ကိုပဲ ပေးလိုက်ရတာ။
အကျိုးဆက်အနေနဲ့ကတော့ သူ အရမ်းအားနည်းလာတာပဲ။အခုနောက်ပိုင်း ကျင့်ကြံခြင်းတက်အောင် လုပ်ရင် သွေး ခနခန အန်တယ်။
ဒါပေမဲ့ သူလက်လျှော့လို့ မဖြစ်ဘူး။
ရှောင်းလျန်က မိစ္ဆာဖြစ်နေပြီသူ့ အတွင်းအားနဲ့သာ မထိန်းထားရင် မိစ္ဆာအကျင့်က သူ့ကို ဝါးမြိုသွားလိမ့်မယ်။လီဟွေ့ တွေးထားပြီးသား။
သူ ဧကရာဇ် ဖြစ်ပြီးတာနဲ့ ကျင့်ကြံခြင်း ဒုတိယ လောက ကို ဝင်တော့မယ်။ဒုတိယ ကျင့်ကြံခြင်းလောကက အဆင့် ၉ ဆင့် ရှိတယ်။
( ၁ )ချီလှည့်ပတ်ခြင်း
( ၂ )အခြေတည်အဆင့်
( ၃ )ရွှေရောင်အမြုတေအဆင့်
( ၄ )မူလအဆင့်
( ၅ )ထာဝရရှင်သန်သန့်စင်ခြင်း
( ၆ )စင်ကြယ်ခြင်းအဆင့်
( ၇ )ဝိဥာဥ်စွမ်းအားလွှဲပြောင်းခြင်း
( ၈ )နတ်ဘုရားအဆင့်
( ၉ )ဖျက်ဆီးခြေမှုန်းခြင်းအဆင့်ဧကရာဇ်ဆိုတော့ သေချာပေါက် ဘိုးဘွားတွေဆီက ချီးမြှောက်ခံရမှာ။အဲတော့ နော်ထပ်ကျင့်ကြံမှုတွေ ထပ်ပေါင်းရင် ထာဝရရှင်သန်ခြင်း အဆင့်ကို သေချာပေါက်ရမှာ။အဲတာဆိုရင် သူတဖြေးဖြေးချင်း ကျင့်ကြံခြင်း နတ်ဘုရားအဆင့်ကို တက်လို့ရတယ်။
လျန်ရှင်း ခနပဲ ထပ်စောင့်ပါ။
BẠN ĐANG ĐỌC
သူဖန်တီးသော ကျွန်တော့်လက်ရာ
Lãng mạnName - သူဖန်တီးသော ကျွန်တော့်လက်ရာ Main characters - လီပိုင်ဟွေ့ ၊ ရှောင်းလျန်ရှာ Type - historical , magical bromance and romance Version - Both Unicode and Zawgyi Version Description - အေးချမ်းသာယာစည်ပင်လှသော ချီရှန်းပြည်တွင...