part 41 နှုတ်ဆက်ခြင်းတွေမှာ မျက်ရည်စဲချင်တယ်

280 28 0
                                    

ရှောင်းလျန် အိပ်ပျော်နေတဲ့ လီဟွေ့မျက်နှာကို ဖွဖွလေး ထိတွေ့နေမိတယ်။
အရမ်း မြတ်နိုးရပါတယ်။
အရမ်းလည်း ချစ်ပါတယ်။
သူ့အနားမှာပဲ တစ်သက်လုံး အဖော်ပြုနေချင်ပါတယ်။
အပိုင်လိုချင်စရာကောင်းလောက်အောင် အရမ်းပြည့်စုံတဲ့ လူတစ်ယောက်ပါ။
အခုလို ခွဲခွါဖို့ မပြောနဲ့ ခနလေးထားခဲ့ရမှာကို သေလောက်အောင် ကြောက်ပါတယ်။
နှလုံးသားကိုလည်း နာကျင်စေပါတယ်။
တကယ်လို့ သူထားခဲ့မယ်ဆိုရင် နာကျင်နေမယ့် လီဟွေ့ နှလုံးသားအတွက် သူက ပိုပြီး နာကျင်ရပါတယ်။

လီဟွေ့ကတော့ အခုမှ အိပ်ပျော်ကာစပဲ ရှိဦးမယ်။
မနက် ၄ နာရီလောက်မှ အိပ်တာဖြစ်လို့ အခုလို နံနက်ခင်း ၆နာရီလောက် လီဟွေ့ အနေနဲ့ နိုးဦးမှာ မဟုတ်ဘူး။
ရှောင်းလျန် နာနေတဲ့ အောက်ပိုင်းတစ်နေရာကို လျစ်လျူရှုပြီး တစ်စစီကျနေတဲ့ အဝတ်တွေကို ကောက်ဝတ်လိုက်တယ်။
သူ့အပေါ်ဝတ်ရုံက ဆိုးဆိုးရွားရွားကို ပြဲနေတာပဲ။
လီဟွေ့ ချွတ်ထားတဲ့ အပေါ်ဝတ်ရုံကို ကောက်ဝတ်လိုက်တယ်။
လီဟွေ့မှာ သူ့အကြိုက်ဆုံးက ကိုယ်သင်းနံ့ပဲ။
ဘာမှ မယူချင်ပေမဲ့ ခွဲခွါရမယ့် အချိန်မှာ လွမ်းဆွတ်ဖို့အတွက် အမှတ်တရ တစ်ခုလောက် ယူသွားသင့်တယ်လို့ သူထင်တယ်။
လီဟွေ့  စာရေးနေတဲ့ စားပွဲပေါ်မှာ မင်နဲ့ စာတစ်ချို့ကို ရေးခဲ့တယ်။

မချစ်တော့လို့မဟုတ်ဘူး၊၊ မဖြစ်တော့လို့။

ကိုယ့်ကိုလွမ်းတဲ့ညတွေမှာ ကြယ်တွေကိုကြည့်ပေါ့။

ငါတို့နှစ်ယောက်ကလေ ကမ္ဘာမြေနဲ့ကောင်းကင်ယံကကြယ်တွေလိုပဲ ..၊
မြင်တွေ့နေခွင့်ရတယ် .. ဆုံစည်းခွင့်မရဘူး။

ငါတို့က ဆုတောင်းမှားခဲ့ကြတာလား ...၊
ဟုတ်လောက်မလား ။
မရေရာပေမယ့် ကံဝဋ်ကြွေးတစ်ခုခုကြောင့်နေမှာပါ။

မချစ်တော့တာမဟုတ်ဘဲ မဖြစ်တဲ့အခြေအနေတွေမို့ ကိုယ့်လမ်းကိုယ်ဆက်လျှောက်သွားနေကြတာ။

အမုန်းတရားလည်း ကင်းပါတယ်။

တိုက်တိုက်ဆိုင်ဆိုင် သတိတွေရနေတဲ့အခါ မင်းလျှောက်တဲ့လမ်းမှာခလုတ်မထိစေဖို့ပဲ ဆန္ဒပြုမိတယ်။

သူဖန်တီးသော ကျွန်တော့်လက်ရာWhere stories live. Discover now