part 18龙剑 & 安静

411 53 1
                                    

Unicode version

     မနက်ရောက်တော့ ရှောင်းလျန်နဲ့လီဟွေ့တို့က ပန်းပဲဖိုက ဓားကိုအသီးသီးယူလာကြတယ်။လီဟွေ့ရဲ့ဓားကိုက နဂါးပုံနဲ့ လင်ဟွားပန်း( 莲花Liánhuaကြာပန်း)ကိုပေါင်းထားတာပါ။ဓားနာမည်က လောင်ကျန်း(龙剑Lóng jiànနဂါးနိုင်ဓား)ပါ။ ရှောင်းလျန်ရဲ့ဓားနာမည်က အန်းဂျင်(安静Ānjìngငြိမ်သက်ခြင်းနဲ့ အေးချမ်းခြင်းအရှင်ပါ)။ ဓားလုပ်ရာမှာ နဂါးနဲ့ဇာမဏီငှက်ကို မင်းမျိုးနွယ်တွေပဲသုံးတာပါ။ကျန်တဲ့လူတွေက မိမိရဲ့ အဆင့်အတန်းပေါ်မူတည်ပြီး ၉မျိုးရှိပါတယ်။နောက်မှရှင်းပြမယ်။အဲတာကို။နောက်ထပ်ဓားတွေကျန်ပါသေးတယ်

     ရှောင်းလျန်နဲ့လီဟွေ့နဲ့က လှည်းတစ်စီး စီးပြီးကျန်တဲ့ပစ္စည်းတွေကို နောက်လှည်းတစ်စီးနဲ့သယ်လာခဲ့တယ်။အခုလာတာက ရှောင်းလျန်နဲ့လီဟွေ့၂ယောက်ထဲပါ။ခရီးထွက်ပြီး ၃ရက်ကြာတော့ ထျန်းဇီတောင်ကို ရောက်တယ်။ရှောင်းလျန်ကတောင်အောက်ကိုရောက်တော့ လှည်းရပ်လိုက်တယ်။

"ပိုင်ဟွေ့ ခဏလေးကူညီပေး"

"ဘာလုပ်ပေးရမလဲ"

"အနက်ရောင်ပိတ်စကိုရှာပေးပါ"

"ဘာလုပ်ဖို့လဲ"

"အခုက ရှန်းရှန်းတို့ကိုခေါ်ရမှာ"

"ရှန်းရှန်း??"

"ဝံပုလွေ ၂ကောင်ပါ သူတို့ကိုမြင်ရင်မြင်းတွေ လန့်လိမ့်မယ် အဲတာကြောင့် သူတို့ရဲ့မျက်လုံးနဲ့နားကိုပိတ်ထားရမယ် ရှန်းရှန်းတို့ အသားသိပ်မစားလို့ အနံ့မထွက်ဘူး အာ့ကြောင့် နှာခေါင်းကိုပိတ်ဖို့မလိုဘူး ရှာတွေ့ပြီလား"

"အင်း"

     ရှောင်းလျန်က မြင်းတွေရဲ့မျက်လုံးနဲ့နားကိုပိတ်ပြီးတော့ ဝံပုလွေတစ်ကောင်လို့ အော်လိုက်တယ်။ အသံဆုံးတာနဲ့နောက်ထပ် ဝံပုလွေအူသံ ၂ခုကိုထပ်ကြားလိုက်ရတယ်။အသံဆုံးတာနဲ့ အဖြူရောင်နဲ့ ရွှေအိုရောင် ဝံပုလွေ၂ကောင်က ရှောင်းလျန်နားကို ရောက်လာတယ်။သူတို့နဲ့ နူးညံ့တဲ့အမွေးတွေနဲ့ရှောင်းလျန်ကို ပွတ်သတ်ဆော့ကစားနေကြတယ်။ရှောင်းလျန်ကတော့ တခစ်ခစ်နဲ့ ရယ်နေလေရဲ့။လီဟွေ့က လှည်းပေါ်က ဆင်းလာတယ်။ လီဟွေ့ကိုမြင်တာနဲ့ ၂ကောင်လုံးက မာန်ဖီကြပြီး ခုန်အုပ်ဖို့လုပ်နေကြတယ်။ရှောင်းလျန်က လီဟွေ့ရှေ့မှာကာရပ်လိုက်ပြီး

သူဖန်တီးသော ကျွန်တော့်လက်ရာHikayelerin yaşadığı yer. Şimdi keşfedin