This episode includes some mature scenes and is only for above 16 years old. . So you think that would be detestable or aversion , you should or can pass this episode .If you read , it is your choice .
နှစ်ပေါင်း ၄၀ ကြာမှ အသစ်တက်လာတဲ့ ဧကရာဇ်ကြောင့် တစ်တိုင်းပြည်လုံးက စိတ်လှုပ်ရှားခြင်းများစွာနဲ့။ရှောင်းလျန်လား။ ဘာလုပ်နေတယ် ထင်လဲ။
ငိုနေရမှာလား။ဒါမှ မဟုတ် အရမ်းဝမ်းနည်းနေလို့ အရက်သောက်နေမယ် ထင်လား။မလုပ်ပါဘူး။
နန်းတွင်းထဲမှာ တည်ခင်းသမျှ စားကောင်းသောက်ဖွယ်တွေကို အဝအပြဲ စားသောက်နေတာပေါ့။သိတယ် မလား။ဒီနိုင်ငံရဲ့ ဘုရင်အသစ်က အရမ်းချမ်းသာတာလေ။ကျွေးသမျှ အကောင်းချည်းပဲ။သူ တစ်ယောက်ထဲ လို့ထင်လား။
တောင်ပိုင်းရဲ့ ချောမောခန့်ညားလှပ ....etcသော အသစ်စက်စက် အရှင်အသစ်နဲ့ အတူစားသောက်နေတာပါ။ထွက်သွားတုန်းက အသိမပေးဘဲ ထွက်သွားရမလား ဆိုပြီးတော့ အထုခံရသေးတယ်။ဟားမတ် ဝင်ကယ်လို့သာ။မဟုတ်ရင် မင်္ဂလာဆောင်တက်ရင် မျက်နှာက မလှမပဖြစ်နေဦးမှာ။အသားတွေ အများကြီး စားနေလို့ ဟားမတ်က သူ့အမြီး ထွက်မထွက်ကို သတိထားပြီး ကြည့်ပေးနေတယ်။သိသွားတော့လည်း သူ့ကို ကြောက်ရွံ့တာမျိုး မရှိဘဲ သနားနေသေးတယ်။ဖြူစင်တဲ့ လူတွေက ဖျက်ဆီးရလွယ်တယ် ကလေးလေးရဲ့။အာ မေ့တော့ မလို့ ဟားမတ်က ဖြူစင်တဲ့ ကလေးမှ မဟုတ်တာ။ငြိမ်နေတဲ့ အချိန်မှာ ယုန်လေးလို ဖြူစင်နေပေမဲ့ သူစိတ်တိုလာရင် ကျားတစ်ကောင်လို ရက်စက်တတ်တဲ့ လူပဲကို။
သူ့ကို မကြောက်တာ မဆန်းပါဘူး။"ဖုန်းယောင် ငါ ရေအိမ်သွားချင်တယ် ဗိုက်နာလာသလိုပဲ "
"ဖြစ်မှာပေါ့ အဝအပြဲစားနေတာကိုး "
"ဖုန်းယောင်ကလည်း ရှောင်းလျန် သွားရင် မကြာစေနဲ့ ခနနေရင် စတော့မှာ "
"အေးပါ "
ခါတိုင်း သွားနေကြ လမ်းက ဒီနေ့မှ ရှုပ်နေသလို။ဒီလမ်းလား။ဟိုဖက် ထင်တယ်။အမလေး ငါ ခေါင်းမူးနေပြီ။ဘယ်လမ်းလည်းဟ။ရှောင်းလျန် ရေအိမ်ရှာတာ လမ်းမှားပြီး သတို့သမီးအဆောင်ဖက်ကို ရောက်လာတယ်။လူသွားစင်္ကြန်ဘေးက ခုံပေါ် ငိုင်နေတဲ့ ရန်ရှောင်း။
"မင်းသား ရန်ရှောင်း မလား ပွဲထဲကို မသွားဘူးလား "
"ရှောင်းလျန်ပဲကို လာထိုင် "
ŞİMDİ OKUDUĞUN
သူဖန်တီးသော ကျွန်တော့်လက်ရာ
RomantizmName - သူဖန်တီးသော ကျွန်တော့်လက်ရာ Main characters - လီပိုင်ဟွေ့ ၊ ရှောင်းလျန်ရှာ Type - historical , magical bromance and romance Version - Both Unicode and Zawgyi Version Description - အေးချမ်းသာယာစည်ပင်လှသော ချီရှန်းပြည်တွင...