ရှောင်းလျန် မနက် မိုးမလင်းခင်ထဲက နိုးနေသည်။ မျက်စိဖွင့်လိုက်တာနဲ့ မြင်လိုက်ရတဲ့ လီဟွေ့ရဲ့အဝတ်မဲ့နေတဲ့ ရင်ခွင်ကြောင့် ညတုန်းက ဘာလုပ်ခဲ့လဲဆိုတာ သိသွားပြီမို့လို့ ထဖို့ မတွေးတော့။ အခုချိန်မှာ လီဟွေ့က ကျင့်ကြံခြင်း အဆင့် ၈ နတ်ဘုရားလောက်နီးနီးဖြစ်နေပြီး သူက အခုမှ သာမန်ကျင့်စဥ်ရဲ့ အဆင့်၄ သာ ရှိသေးသည်။ ထို့ကြောင့် လီဟွေ့နဲ့ အတူနေဖြစ်ရင် သေလောက်အောင် နာကျင်သည်။ အခုတလော အဆုံးမဲ့မြို့တော်က ဆူပူမှုတစ်ချို့နဲ့ တစ်ချို့သော အလေအလွင့်မိစ္ဆာတွေကိုလည်း လိုက်ဖမ်းနေရတာကြောင့် ပင်ပန်းရသည်။ ညဖက်လည်း ကောင်းကောင်းမနားရတာကြောင့် တခါတလေ နေမကောင်းပင် ဖြစ်ချင်နေသလိုလို။
မိစ္ဆာဝိဥာဥ်စက်ကွင်းကို သုံးပြီး လွမ်ဝေချူကို ဆင့်ခေါ်လိုက်တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ က နန်ဖန်းကျိုး( 南方州)တိုက်ပွဲမှာ ပါခဲ့တဲ့ လူတွေကို အကုန်စုံစမ်းလာခဲ့ဖို့နဲ့ ရှန်ရှောင်းဂိုဏ်းနဲ့ ပတ်သက်တာတွေကို စုံစမ်းခဲ့ဖို့ မှာကြားလိုက်တယ်။ အချိန်ခနမျှပင် မကြာလိုက်။လွမ်ဝေချူက အချက်အလက်အကုန်လုံးကို ပို့ပေးတယ်။ ဝိဉာဥ်စက်ကွင်းထဲမှာပဲ အကုန်လုံးကို လေ့လာလိုက်တယ်။ အားလုံးက အတွေးစိတ်ကူးနဲ့ လုပ်ရတာမို့ မျက်လုံးမှိတ်ရင်းသာ ကြည့်လိုက်တယ်။ ရှန်ရှောင်းမျိုးဆက်တစ်ခုလုံးကို အမြစ်ဖြတ်သတ်ပြီးတော့ သူတို့ပိုင်ဆိုင်တာမှန်သမျှကို လုယူသွားခဲ့တဲ့ လူတစ်ချို့က အခုနန်းတွင်းက အမတ်များနဲ့ မြင့်မြတ်လမ်းစဥ်ကို တက်ရောက်သွားခဲ့တယ်။
ကျန်ခဲ့တဲ့ လူတွေကလည်း တဖြည်းဖြည်းနဲ့အထိန်းအချုပ်မဲ့လာပြီး မိစ္ဆာဘဝရောက်လာရသည်။
မကြာခင်မှာ သူတို့အားလုံးကို သတ်ပစ်ပြီးတော့ တရားမျှတမှုအတွက် လုပ်ဆောင်ပေးမှာမို့လို့ ခနလေးပဲ ထပ်စောင့်နေပေးပါ ဘိုးဘွားတို့။ သူ အဲအကြောင်းတွေ သိရပြီးထဲ ဘိုးဘွားသုသာန်ကိုတွေကိုတောင် သွားရောက် ဂါဝရမပြုရဲတော့ပေ။ မျက်နှာမပြရဲလောက်အောင် အားနာစရာတွေ လုပ်ခဲ့တာမို့လို့ မသွားရဲခဲ့တာ ဖြစ်တယ်။
နဖူးစပ်နားကို အနမ်းလေးတွေကျရောက်လာတော့ ရှောင်းလျန် မျက်လုံးဖွင့်မိတယ်။ နားထင်ကို လက်ထောက်ထားပြီ သူ့နဖူးကို နမ်းနေတဲ့ လီဟွေ့က အရိုင်းဆန်စွာ ချောမောနေတယ်။
YOU ARE READING
သူဖန်တီးသော ကျွန်တော့်လက်ရာ
RomanceName - သူဖန်တီးသော ကျွန်တော့်လက်ရာ Main characters - လီပိုင်ဟွေ့ ၊ ရှောင်းလျန်ရှာ Type - historical , magical bromance and romance Version - Both Unicode and Zawgyi Version Description - အေးချမ်းသာယာစည်ပင်လှသော ချီရှန်းပြည်တွင...