part 34 မမျှော်လင့်ခဲ့သော လက်ဆောင်နဲ့ ရပ်တန့်ချင်သော ခဏတာ

296 27 0
                                    

ဖုန်းယောင်လည်း ရှောင်းလျန်ပြောတဲ့အတိုင်း အိမ်တော်ကို ပြန်လာတယ်။မျမ်မျမ်က ဒဏ်ရာ ဘယ်လို ရသွားပါလိမ့်။ဖုန်းယောင်လည်း တံခါးခေါက်တော့ ရှန်းရှန်း လာဖွင့်ပေးတယ်။

"အကိုလေး ပါလား "

"အင်း မျမ်မျမ် ဒဏ်ရာရနေတယ်ဆို ဘယ်လို ဖြစ်တာလဲ "

"ပြီးရင် ပြောပြပါ့မယ် အခု အထဲကိုလာဦး"

အိပ်ရာပေါ်မှာ လှဲနေတဲ့ မျမ်မျမ်ဘေးကို ဝင်ထိုင်ပြီး သွေးခုန်နှုန်းတစ်ချက်စမ်းလိုက်တယ်။ဆူးပန်းကျိန်စာမိထားတာပဲ။မျမ်မျမ်က နားရွက်တွေနဲ့ အမြီးကို ဖျောက်ဖို့တောင် မလုပ်နိုင်တော့ဘူး။အရမ်းအားနည်းနေတာပဲ။

"ရှန်းရှန်း မျမ်မျမ်ကို မှောက်လိုက် သွေးကြောတွေကို ထိန်းထားရမယ် ရေနွေးယူလာခဲ့ အပ်တွေယူလာ ဆေးပုလင်းတွေ ငါဖော်ထားတာရှိတယ် သွားယူ "

"ဟုတ် အကိုလေး ရှန်းရှန်းသွားယူလိုက်မယ်အခန်းထဲမှာ မဟုတ်လား "

"အင်း အပ်တစ်ချက်ယူပေး "

ဖုန်းယောင်လည်း ဘေးမှာ ရှိနေတဲ့ လူကို ခိုင်းလိုက်တယ်။

"ဓား အသေးဆုံးအရွယ်ကို ယူပေး "

နောက်ဖက်ကနေ နှလုံးနေရာကို မှန်းပြီး ခွဲလိုက်တယ်။

"ရေနွေးများများယူလာ"

သွေးတွေက အမည်းရောင်ပြောင်းနေတာပဲ။

"ခွက်အလွတ် တစ်လုံး ယူလာ"

သွေးတွေ အကုန် ညှစ်ထုတ်လိုက်တယ်။

"အပ်တွေကို အပေါ်ဆုံး အစဥ်တိုင်းပေး "

ရှန်းရှန်းက ဆေးယူပြီး ပြန်ရောက်လာတယ်။

"အကိုလေး ဆေးရပြီ"

"အေး ပေး ရှန်းရှန်း ခေါင်းကို ကိုင်ထား "

မျမ်မျမ်ကို အမြီးကို လှုပ်ယမ်းနေတာကြောင့်
ဘေးက တစ်ယောက်က ကိုင်ထားပေးတယ်။

"ကျေးဇူးပဲ  "

ဖုန်းယောင် ဆူးပန်းရဲ့ အဆိပ်တွေကို ဖောက်ထုတ်ပစ်ပြီးဆူးတွေကို နှုတ်ပစ်လိုက်တယ်။
ဒါပေမဲ့ အဆိပ်က သူ့ရဲ့ ယင်ဓာတ်နဲ့ ပေါင်းပြီးသွားပြီ။ဒီထက်လည်း အဆိပ်ထုတ်လို့ မရတော့ဘူး။ဆေးထည့်ပြီး ဒဏ်ရာကို  ပြန်ချုပ်တယ်။မျမ်မျမ်ကို အာဟာရဆေးလုံး ၃ လုံးလောက်ကျွေးထားလိုက်တယ်။ဒီအချိန်မှာ သူအိပ်နေတာက အကောင်းဆုံးပဲ။
အိပ်ဆေးပါ တိုက်ထားလိုက်တယ်။လှုပ်ရှားမှုနည်းလေ အဆိပ်ပြန့်မှု နည်းလေပဲ။

သူဖန်တီးသော ကျွန်တော့်လက်ရာWhere stories live. Discover now