part 11 လပြည့်ညမှာ နဂါးပုံတိမ်နှင့်တွေ့ဆုံခြင်း

594 56 3
                                    

"ဟူးးးးးး"
*အခုမှပဲ အသက်ရှူချောင်တော့တယ်။

"သခင်လေး ရှောင်းလျန်"

နောက်ကခေါ်သံကြားလို့လှည့်ကြည့်တော့

"ဟင် ဟားမတ်"

"ခဏလေး အချိန်ရမလား စကားနည်းနည်းပြောချင်လို့ပါ"

"ရပါတယ်"

"ဟိုလေ ဖုန်းယောင်အဆင်ပြေရဲ့လားဟင်"

လူတကာကို အပေါ်စီးက ပြောဆိုတတ်တဲ့ ဟားမတ်မှ ဟုတ်ရဲ့လား။အင်း လေ ဖြစ်မှာပေါ့။

"သိချင်ရင် အိမ်လိုက်ခဲ့"

"ဟို လေ"

"ပြသနာရှိလို့လား"

"အခုက ချန်းလျောင်းကိုပြန်တော့မှာမို့လို့ အချိန်မရတော့ဘူး"

"ခဏလေးပဲ ကြာမှာကို"

"အင်းး"

"ခဏလေး စောင့်ဦး ဖုန်းယောင်ကိုသွားခေါ်ပေးမယ်"
ဖုန်းယောင်က အနာရှိန်နဲ့မို့ အဖျားနည်းနည်းတက်နေသည်။*အိပ်နေတာပဲ နိုးလိုက်ရမလား မနိုးတော့ဘူး သူတို့အချင်းချင်းတွေ့မှနှိုးပလေ့စေ ဟိ ဟိ *

"ဟားမတ် အထဲမှာ ဖုန်းယောင်ရှိတယ် ဝင်သွားလိုက် ငါ အပြင်မှာနေခဲ့မယ်"

ဟားမတ် အခန်းထဲဝင်လိုက်သည်နှင့် ကြာပန်းနံ့အမွှေးတိုင်နံ့သင်းသင်းလေးရလိုက်သည်။အခန်းထဲမှာပစ္စည်းအတော်အသင့်နဲ့သပ်သပ်ရပ်ရပ်ရှိသည်။နံရံမှာ လည်းပန်းချီကားတစ်ချပ်ရှိသည်။

"သူအိပ်နေတာပဲ နှိုးလိုက်ရမလား နိုးလာရင်ငါဘာပြောရပါ့မလဲ"

အရင်ညက အကြောင်းကိုပြန်တွေးမိပြီး ရှက်လာပြန်သည်။

ဖုန်းယောင်က ပါးကိုလာကိုင်တာမို့

"မင်း ဘာလုပ်တာလဲ"

"တောင်းပန်ပါတယ် မင်းပါးက ရဲနေလို့ ကိုင်လိုက်မိတာပါ အင်း နူးနူးညံ့ညံ့လေးနော်"

ဖုန်းယောင်က ပါးကိုလာပွတ်တာမို့ ဟားမတ်ကတွန်းထုတ်လိုက်သည်။

"အ "

ဒဏ်ရါက သွေးပြန်ထွက်လာတာမို့ ဟားမတ်ပြန်ထိုင်ပြီး ဒဏရာကိုပြန်လုပ်ပေးလိုက်သည်။

သူဖန်တီးသော ကျွန်တော့်လက်ရာDonde viven las historias. Descúbrelo ahora