"ရှန်းရှန်းနဲ့ မျမ်မျမ် လာခဲ့"
ရှောင်းလျန်ရဲ့ အသံအဆုံးမှာ ၂ယောက်လုံး လုပုံစံပြောင်းပြီးရောက်လာတယ်။
"ရောက်လာပါပြီ သခင် "
"မြန်မြန်တိုက်ကြ အကာအကွယ်စည်း မပျက်ခင် မြန်မြန် "
ယန်လီက ရှောင်းလျန်အလစ်မှာ ဆူးပန်းကို အသုံးပြုလိုက်တယ်။
တကယ်လို့ အဲတာကို ထိမိရင် ကျိန်စာမိသွားမှာဖြစ်ပြီးတော့ ခန္ဓာကိုယ်ရဲ့ ချီတွေ ကမောက်ကမဖြစ်မှာပါ။
ပြီးတော့ ယင်ဓာတ် မညီတာတွေလည်းပေါလာနိုင်ပါတယ်။"သခင် သတိထား"
မျမ်မျမ်က လှမ်းအော်လိုက်တော့ ဆူးပန်းက သူ့ဆီကို ဦးတည်လာနေတာပဲ။
ရှောင်းလျန်လည်း ရှောင်ဖို့လုပ်ပေမယ့် မျမ်မျမ်က ရှေ့က ဝင်ခံလိုက်တယ်။"အ!!"
"မျမ်မျမ် အဆင်ပြေရဲ့လား "
"သခင် ကျွန်မကို ဂရုမစိုက်ပါနဲ့ "
"ခနလေး ငြိမ်ငြိမ်နေနေ ရှန်းရှန်း သူ့ကို ကာကွယ်ပြီးတိုက်"
"ရှင့်လူတွေ သေမှ ရှင့်အညံ့ခံမှာလား ကောင်းပြီလေ ရှင့်ဆန္ဒကို ဖြည့်ပေးရမှာပေါ့ အားလုံး အဲမြေခွေးတွေကို သတ် "
"မင်း !! မင်းငါ့ကို အရင်လာစတာနော် အဲတော့ ငါ့ဖက်ကလည်း ညှာစရာအကြောင်းမရှိတော့ဘူး"
ရှောင်းလျန် ကျမ်းစာအုပ်ထဲက နှင်းဖြူရှင် သိုင်းကွက်ကို ထုတ်သုံးလိုက်တယ်။
"သခင်လေးရှောင်းမှာ စာအုပ်ရှိနေတယ် ဆိုတာသေချာသွားပြီပေါ့ "
"ရှန်းရှန်း သခင့်ကို တားပါဦး အဲတာကို သုံးရင် "
"စိတ်မပူပါနဲ့ သခင်ထိန်းချုပ်နိုင်မှာပါ "
နှင်းဖြူရှင် သိုင်းကွက်က အလင်းရောင်တွေနဲ့ အမြင်ဝေဝါးစေတယ်။
အရမ်း စိတ်လှုပ်ရှားရင် အတွင်းအားတွေကို ဆုတ်ယုတ်စေတယ်။
ရှောင်းလျန်ရဲ့ ဆံပင်တွေလည်း အဖြူရောင်ကို ပြောင်းသွားတယ်။
ဝတ်ရုံ အပြာရောင်က အဝါနုရောင်အဖြစ်ကို ပြောင်းသွားတယ်။
ဝတ်ရုံပေါ်မှာ ထိုးထားတဲ့ ဇာမနီငှက်ကလည်း ၂ကယ်အသက်ဝင်နေသယောင်။
အပေါ်ဝတ်ရုံက ဘေးခွဲထားတာကြောင့် အဖြူရောင်ဘောင်းဘီက အသားနဲ့ကပ်နေတာကြောင့် သွယ်လျတဲ့ ပေါင်တံတွေကို အသက်ရှူမှားလောက်တယ်။
YOU ARE READING
သူဖန်တီးသော ကျွန်တော့်လက်ရာ
RomanceName - သူဖန်တီးသော ကျွန်တော့်လက်ရာ Main characters - လီပိုင်ဟွေ့ ၊ ရှောင်းလျန်ရှာ Type - historical , magical bromance and romance Version - Both Unicode and Zawgyi Version Description - အေးချမ်းသာယာစည်ပင်လှသော ချီရှန်းပြည်တွင...