Zawgyi
စကားတွေ အများကြီးပြောရတာ
သဘောမကျဘူးဆိုတဲ့ ကျောင်းအုပ်ကြီးက
ချောင်းတစ်ချက်ဟန့်ရင်း ပြောလက်စ
စကားကိုဆက်တယ် ။ဆရာအသစ်ဖြစ်တဲ့ ရှောင်းကျန့်ကိုကျောင်းကိစ္စ
တွေနဲ့ ပတ်သက်ပြီး ပြောစရာရှိတာပြောနေ
ခြင်းဆိုပေမယ့် အတန်းဝင်ရမည့်အချိန်မှာ
နောက်ကျနေလေပြီ။ရုံးခန်းပေါက်မှာ စုရုံးစုရုံး
ဖြစ်နေကြတဲ့ ကလေးတွေကတော့
သူတို့ဆရာကို စိတ်ရှည်လက်ရှည်
စောင့်နေကြတုန်း ။ကျောင်းကို ပြောင်းလာတာနှစ်ရက်ပဲ
ရှိသေးပေမယ့် ဆရာအသစ်လေးကို
မသိတဲ့သူမရှိ ။ တစ်ယောက်သောသူက
လွဲရင်ပေါ့.....။"ဟို...
"အာ.ဆရာရှောင်း အတန်းဝင်ရအုံးမှာမလား..
စကားကောင်းနေတာနဲ့ ဒုက္ခပေးမိပြီ "မျက်မှန်ကိုပင့်တင်ပြီး ရှောင်းကျန့်ပြုံးပြမိတယ်။
နှုတ်ဆက်ပြီး ရုံးခန်းထဲက ထွက်လာတော့
သူ့လက်ထဲက စာအုပ်တွေကို လာသယ်ကြတဲ့
ကလေးတွေက အထက်တန်း
ကျောင်းသားပေါက်စလေးတွေ.......။စာတော်တဲ့ကျောင်းသားတွေချည်း စုနေတဲ့
တန်းခွဲ(A)မှာ ရှောင်းကျန့်က အတန်းပိုင်ဆရာ။
သူတို့ကျောင်းမှာတော့ ဆရာရော၊တပည့်ရော
ပြောစရာမလိုအောင် အတော်တွေချည်းစုနေသော
အခန်းပါပဲ။ရှောင်းကျန့် ဒီအတန်းမှာစာသင်ခဲ့တဲ့
နှစ်ရက်စလုံး လွတ်နေသည့်ခုံလေးက
ဒီနေ့တော့ ခုံပိုင်ရှင်လေးရှိနေတယ် ။
ကျောင်းအင်္ကျီပေါ်မှာ ဆွယ်တာပွပွလေး
ထပ်ဝတ်ထားတဲ့ ကျောင်းသားလေးက
ချောင်ကျနေသော မျက်နှာသေးသေးလေးနှင့်......။ပါးဖောင်းဖောင်းတွေကတော့ ရှိစမြဲ ။
"မင်္ဂလာပါ ဆရာ "
"မင်္ဂလာပါဗျ အစ်ကိုကြီးတို့အစ်မကြီးတို့"
ရွှတ်နောက်နောက်သူ့စကားကြောင့် ကလေး
တွေအကုန် တဟားဟားပွဲကျသွားတယ် ။
ရယ်သံတွေကို ရပ်တန့်စေဖို့ အိမ်စာစာအုပ်တွေ
ထုတ်ထားဖို့ပြောလိုက်မှ တိခနဲ ငြိမ်ကျသွားကုန်ရဲ့။အိမ်စာတွေလိုက်စစ်နေရင်း တတိယမြောက်
ခုံကိုရောက်တော့ စာအုပ်ကို အသင့်လှန်ပေးထား
တဲ့ ကောင်လေး ။
YOU ARE READING
𝐸𝑛𝑑𝑙𝑒𝑠𝑠 [ 𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑 ]
Fanfictionဘယ်ဆီကို ဦးတည်ဦးတည် မင်းရှေ့ကိုပဲ ရောက်လာတတ်တဲ့ ခြေလှမ်းတိုင်းက ... မင်းအပေါ် ဘယ်လောက်ထိ တိမ်းညွတ်နေမိကြောင်း သက်သေတွေ ။ ♫︎ ချစ်နေဖို့ ♫︎ Story cover by @TulipTulip065 Start Date : [ Aug 20 , 2020 ] End Date : [ Nov 8 , 2020 ]